မကြာသေးမီကပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်တစ်ခုအရ Song Ji Hyo ဟာ အာရှပရိသတ်တွေ အတွေ့ချင်၊အဆုံ ချင်ဆုံး ကိုရီးယားဆယ်လီ အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။မေလ(၁၀) ရက်နေ့တုန်းက Korea Trade-Investment Promotion Agency  ကနေ စစ်တမ်းကောက်ယူမှုတစ်ခု လုပ်ခဲ့ပါတယ်။ဒီစစ်တမ်းကိုတော့ (၂၀၁၈) မတ်ကနေ ဧပြီ လ အထိ လုပ်ခဲ့တာပါ။အင်ဒိုနီးရှား၊ဗီယက်နမ်၊ထိုင်း၊မြန်မာ၊ဖိလစ်ပိုင်…အစရှိတဲ့ အာရှနိုင်ငံ (၉)နိုင်ငံက ပရိသတ်တွေ ကို မဲပေးရွေးချယ်ခဲ့တာပါ။ကိုရီးယားထုတ်ကုန်တွေ နဲ့ pop culture အပေါ် သူတို့ရဲ့ စိတ်ပါဝင်စားမှုတွေကိုလည်း မေးမြန်းစစ်တမ်းကောက်ယူခဲ့ပါတယ်။

အဲ့ဒီအခါမှာတော့ အာရှပရိသတ်တွေ အပြင်မှာ အတွေ့ချင်ဆုံး၊အမြင်ချင်ဆုံး ဆယ်လီစာရင်းကို မဲပေးတဲ့ အခါမှာတော့ နံပါတစ်နေရာမှာ Song Ji Hyo ရှိနေပါတယ်။ဒါတင်မကသေးပါဘူး။ ကိုရီးယားရဲ့ နည်းပညာကို ကိုယ်စားပြု တဲ့ ဆယ်လီ၊ကိုယ့်အကြိုက်နဲ့အကိုက်ညီဆုံး ဆယ်လီ၊ အရည်အသွေးရှိကိုရီးယားထုတ်ကုန်ကို ကိုယ်စားပြုတဲ့ ဆယ်လီ၊ ကိုရီးယား Product ကို ၀ယ်ချင်လာအောင်စေ့ဆော်အပေးနိုင်ဆုံး ကိုရီးယားဆယ်လီ ..အစရှိတဲ့ တခြားခေါင်းစဉ် တွေမှာပါ သူမက နံပါတ်တစ်ရခဲ့တာပါ။သူမဟာ Running Man  အဖွဲ့ဝင်တစ်ယောက် အဖြစ် အာရှပရိသတ်တွေ ရဲ့ လက်ခံအားပေးမှုကို ရထားပြီး သူမကို ချစ်တဲ့ ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။

Song Ji Hyo ဟာ မနှစ်တုန်းက အင်ဒိုနီးရှား ဂျာကာတာမှာ ကျင်းပတဲ့ 017 Korea Brand & Entertainment Expo  ပွဲနဲ့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပတဲ့ 2017 Korea Brand & Entertainment Expo ပွဲ နှစ် ခုလုံးရဲ့ Promotional Ambassador  အဖြစ် တာဝန်ယူဆောင်ရွက်ပေး ခဲ့ပါတယ်။သူမဟာ SBS ရဲ့ Running Man အစီအစဉ်အပြင် လက်တလောမှာတော့ Onstyle ရဲ့ Beauty Show ဖြစ်တဲ့ “Song Ji Hyo’s Beautiful Life,” မှာ တင်ဆက်သူ အဖြစ် ဆောင်ရွက် ပေးနေပါတယ်။

Source  Soompi