Song Ji Hyo  နဲ့  Park Shi Hoo ကတော့ KBS ဒရမ်မာကားသစ်မှာ အတူမြင်တွေ့ရဖွယ်ရှိပါတယ်။ ဧပြီ (၂၇) ရက်နေ့တုန်းက Song Ji Hyo ရဲ့အေဂျင်စီ MY Company  ကနေ အတည်ပြုခဲ့ပါတယ်။ ဂျီဟိုအနေနဲ့ လာမယ့် ဒရမ် မာကားသစ် “Lovely Horribly”(ယာယီပေးထားတဲ့နာမည်) ခေါင်းဆောင်နေရာကနေ ပါဝင်သွားဖို့ စဉ်းစားနေတယ် လို့ အတည်ပြုခဲ့ပါတယ်။

အေဂျင်စီက  Newsen ကိုပြောရာမှာ“Song Ji Hyo  ကို KBS 2TV’s ‘Lovely Horribly,’  မှာ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရကြောင်း၊ လက်ရှိမှာတော့ ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး စဉ်းစား နေတယ်လို့  ပြောခဲ့ ပါ တယ်။ KBS ကတော့ ဒီလအစောပိုင်းတည်းက မင်းသား Park Shi Hoo ကို ဒရမ်မာကားသစ် အတွက် ကမ်းလှမ်းထားကြောင်း အတည်ပြုခဲ့ပါတယ်။ KBS ဘက်ကလာတဲ့ သတင်းအရ Star Today က ပြောရာမှာ ..”Park Shi Hoo ကို KBS2 ရဲ့ ဒရမ်မာကားသစ်  ‘Lovely Horribly.’” မှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်လို့ ပြောခဲ့ပါတယ်။

“Lovely Horribly” ကတော့ သရဲစာရေးဆရာတစ်ယောက်ရဲ့ ဇာတ်အိမ်ဇာတ်လမ်းတွေဟာ လက်တွေ့ဘ၀မှာပါ ဖြစ် ပျက်တဲ့ အကြောင်းပါ။ Song Ji Hyo  ကိုတော့ ဇာတ်ညွှန်းရေးစာရေးဆရာမ၊ Park Shi Hoo ကိုတော့  ပြန်ပေး ဆွဲဖြစ်ရပ်ကြောင့် ထိတ်လန့်ခံစားနေရတဲ့ ထိပ်တန်းမင်းသားတစ်ယောက်နေရာကနေ ပါဝင်ပေးဖို့ ပြောထားတာပါ။ ဂျီဟို အနေနဲ့ ဒီကမ်းလှမ်းမှုကို လုံးဝ လက်သင့်ခဲ့သင့်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က KBS ရဲ့  “Mandate of Heaven: The Fugitive of Joseon”  မှာ ပါဝင်ခဲ့ပြီးတည်းက public broadcast network  ဒရမ်မာကား တွေမှာ  ဂျီဟိုကို မတွေ့ရတာကြာခဲ့ပါပြီ။ လက်ခံဖြစ်တယ်ဆိုရင်တော့ ဒီကားဟာ ငါးနှစ်အတွင်း သူမရဲ့ ပထမဆုံး public broad cast network  ဒရမ်မာဇာတ်ကား ဖြစ်လာမှာပါ။

Source soompi