ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ကတော့ မကြာခင်ကမှ လက်ထပ်ထားတဲ့ ပူပူနွေးနွေး ဆယ်လီ ဇနီးမောင်နှံပါ။အောက်တိုဘာ (၃၁) က လက်ထပ်ပွဲဆင်နွှဲခဲ့တဲ့ သူတို့ ဇနီးမောင်နှံဟာ လက်တေ လာမှာ တော့ ဥရောပမှာ ဟန်းနီးမွန်းထွက်နေကြပါတယ်။

စပိန်ကိုရောက်နေတဲ့ ဆောင်းဟေကိုက သူမရဲ့ ဟန်းနီးမွန်းဓါတ်ပုံကို Instagram မှာ နိုဝင်ဘာ (၅)ရက်နေ့က တင် လိုက်ပါတယ်။ညစာ (dinner) စားနေတဲ့ ပုံဖြစ်ပြီး ခင်ပွန်းဆောင်ဂျွန်ကီပုံ မ ပါပဲ သူမတစ်ယောက်တည်းပုံပါ။ဓါတ်ပုံဆရာကတော့ ဆောင်ဂျွန်ကီဖြစ်ဖို့ များပါတယ်။

caption မှာတော့ ဘာစာမှ ရေးမထားပေမယ့် kiss emoticon(နမ်းတဲ့ပုံကို ကိုယ်စားပြုတဲ့ နှုတ် ခမ်းပုံ)လေးကိုတော့ ထည့်ထားပြီး သူမရဲ့ ပုံကလည်း နှုတ်ခမ်းကို စုပြီး ရိုက်ထားတဲ့ ပုံပါ။သ တင်းေ တွ အရတော့ လက်တလောမှာ စပိန်ကို ဟန်းနီးမွန်းရောက်နေတယ်လို့ သိရပါတယ်။

ဆောင်းဟေကိုဟာ လွန်ခဲ့တဲ့(၂)ရက် သူမရဲ့ instagram မှာ မင်္ဂလာဓါတ်ပုံလေး တင်ခဲ့ပါတယ်။ caption  မှာတော့ “Thank you so much for your sincere understanding and interest and also for blessing us with loving hearts ” ဆိုတဲ့ စာကို ရေးထားပါတယ်။

source kstarlive & song-song’s fb