နိုဝင်ဘာ(၂၂)ရက်နေ့ကတော့ ဆောင်းဟေကိုရဲ့ အသက်(၃၆)နှစ်ပြည့် မွေးနေ့လေးပါ။ ဒီမွေးနေ့ပွဲလေးဟာ ဆောင်းဟေကိုအတွက် ပထမဆုံးအကြိမ် အိမ်ထောင်သည်ဘ၀နဲ့ ဖြတ်သန်းခဲ့ရတဲ့ မွေးနေ့ပွဲလေးပါ။

 

ဆောင်းဟေကိုရဲ့ မွေးနေ့ပွဲအကြောင်းကိုတော့ တရုတ်မီဒီယာ Sina မှာ နိုဝင်ဘာ(၂၃)ရက်နေ့က ဖော်ပြခဲ့တာပါ။ မီဒီယာရဲ့ဖော်ပြချက်အရဆိုရင်တော့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုတို့ဟာ ဟိုတယ်တစ်ခုကို နိုဝင်ဘာ(၂၂)ရက်နေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ကြတာကို တွေ့လိုက်တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူတို့ရဲ့ အေဂျင်စီတွေက အသိမိတ်ဆွေတွေပါ ပါတယ်လို့ သိရပါတယ်။ဒီအကြောင်းကို အတည်ပြုဖို့ ဆောင်ဂျွန်ကီနဲ့ ဆောင်းဟေကိုရဲ့ အေဂျင်စီတွေကိုမေးတဲ့အခါမှာတော့”သူတို့ရဲ့ personal life နဲ့ပတ်သက်ပြီး ဘာကိုမှ အတည်ပြုမှာ မဟုတ်ဘူး” လို့ ပြန်ပြောခဲ့တယ်လို့ Kstarlive မှာဖော်ပြထားပါတယ်။

from starlive

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။