ဆောင်းဟေကိုနဲ့ ဆောင်ဂျွန်ကီတို့ရဲ့ မင်္ဂလာပွဲကိုတော့ အောက်တိုဘာ(၃၁)ရက်နေ့က ကျင်းပခဲ့ ပါတယ်။ဒီပွဲမှာတော့ တကယ့်တန်ဖိုးကြီး ပစ္စည်းတွေကိုပဲ သုံးခဲ့တာကို တွေ့ရပါတယ်။သူမ ၀တ်ဆင် ခဲ့တဲ့ မင်္ဂလာလက်စွပ်၊သတို့သမီးဝတ်စံနဲ့ လက်ကိုင်ပန်းတို့ရဲ့ တန်ဖိုးထွက်ပေါ်လာခဲ့ပါပြီ။

သူမဆင်မြန်းထားတဲ့ လက်ထပ်လက်စွပ်ရဲ့ ဒီဇိုင်းကတော့ အရမ်းကိုရိုးရှင်းပြီး ဆန်းဆန်းပြားပြား အဖိုးတန်စိန်ပွင့်ကြီးထည့်ထားတာမျိုး မတွေ့ရပါဘူး။ဒါပေမယ့် အဲ့ဒီလက်စွပ်ရဲ့ တန်ဖိုးကို သိရင်တော့ လုံးဝအံ့သြသွားမှာ သေချာပါတယ်။ဘေးမှာ စိန်ပွင့်လေးတွေ နဲ့အလှဆင်ထားတဲ့ ဒီလက်စွပ်ရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာနဲ့ဆိုရင် (၄၈၇၇)လောက်ရှိပါတယ်။

သူမကိုင်ခဲ့တဲ့ မင်္ဂလာ လက်ကိုင်ပန်းဟာဆိုရင်လည်း တောင်ကြားချိုင့်ဝှမ်းမှာပေါက်တဲ့ လီလီပန်းေ တွနဲ့ဖန်တီးထားတာပါ။မေလမှာပဲ ပွင့်တဲ့ပန်းဖြစ်ပြီး သက်တမ်းတိုပန်းမျိုးပါ။အဲ့ဒီပန်းကို ထိန်းသိမ်း ဖို့ ဆိုတာ အရမ်းခက်ခဲခဲ့တယ်လို့သိရပါတယ်။တန်ဖိုးအားဖြင့်ဆိုရင် အမေရိကန် ဒေါ်လာ (၉၀၀) လောက်ရှိပါတယ်။ဟိုတယ်မှာ မင်္ဂလာဆောင်တဲ့စရိတ်ဆိုရင် ခန့်မှန်းချေ ($9,000) လောက်ရှိ ပါတယ်။

မင်္ဂလာသတို့သမီးဝတ်စုံကိုဆိုရင်တော့ ပြင်သစ်က နာမည်ကျော် ဇိမ်ခံပစ္စည်း(luxury goods ) တွေကို ထုတ်တဲ့ ကုမ္ပဏီ Christian Dior ကဖန်တီးပေးထားတာပါ။မင်္ဂလာဝတ်စုံ ဖန်တီး ပုံ အဆင့်ဆင့်ကို Instagram မှာ တင်ထားတာကို တွေ့ရပါတယ်။

ကမ္ဘာပေါ်မှာ တစ်ထည်တည်းသာရှိပြီး ဆောင်းဟေကို တစ်ယောက်တည်းသာ ၀တ်ဆင်ခွင့်ရတဲ့ သတို့သမီးဝတ်စုံပါ။သူမအတွက် သီးသန့်ဖန်တီးချုပ်လုပ်ပေးထားတာပါ။Christian Dior’s 17 S/S Couture Collection ကို မှီငြမ်းဖန်တီးထားတဲ့ ၀တ်စုံပါ။ဝတ်စုံရဲ့ တန်ဖိုးကတော့ ၀မ်ငွေ နဲ့ဆိုရင် (၁၁၈)သန်း၊အမေရိကန်ဒေါ်လာနဲ့ဆိုရင် (USD 10,000) လောက်ရှိပါတယ်။

 

 

source .kstarlive & soompi