Crash Landing on You ရုပ်သံစီးရီးနဲ့ ကျော်ကြားခဲ့တဲ့ K-drama ရုပ်ရှင်မင်းသမီး Son Ye-jin ဟာ ဆိုးလ်မြို့ရဲ့နာမည်ကျော် Gangnam ခရိုင်မှာ အမေရိကန်ဒေါ်လာ၁၄.၄ သန်းတန်ဖိုးရှိတဲ့ အဆောက်အဦးကြီးတစ်ခုကို ဝယ်ယူလိုက်ပါတယ်။ Scmp သတင်းအရ အဆိုပါအဆောက်အဦးဟာ ၆ထပ်အဆောက်အဦးဖြစ်ပြီး အလှကုန်ကုမ္ပဏီတွေ၊ ပလတ်စတစ်ဆာဂျရီဆေးခန်းတွေနဲ့ အလှကုန်စတိုးဆိုင်ခန်းတွေပါ ပါရှိတယ်လို့သိရပါတယ်။
View this post on Instagram
အဆောက်အဦးဟာ အနှစ်၂၀ကျော်ကြာပြီဖြစ်ပေမယ့် ကောင်းမွန်စွာထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ ငှားရမ်းခဟာ တစ်လကို ပျမ်းမျှဒေါ်လာ ၃၉,၆၅၀ ရှိကာ စပေါ်ငွေကတော့ ဒေါ်လာ ၄၄၁,၀၀၀ ရှိကြောင်းသိရပါတယ်။ Son ဟာ ဒီအဆောက်အဦးကို ပြီးခဲ့တဲ့ ဇူလိုင်ကမှဝယ်ယူခဲ့တာပါ။ လက်ငင်း ငွေသားနဲ့ ဒေါ်လာ၎ သန်းပေးချေပြီးတဲ့နောက်မှာတော့ ကျန်တဲ့ ဒေါ်လာ၁၀.၄ သန်းကို ချေးငွေနဲ့ယူခဲ့တာပါ။ စက်တင်ဘာလမှာတော့ သူမဟာ ချေးငွေတွေကိုပါအကြေဆပ်ပြီးခဲ့ပါပြီ။
View this post on Instagram
Son ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံရေးနဲ့ မစိမ်းပါဘူး။ ၂၀၁၅ ခုနှစ်တုန်းကလည်း သူမဟာ Mapo-gu ခရိုင်မှာရှိတဲ့ ဒေါ်လာ ၈.၂ သန်းတန် အဆောက်အဦးကိုဝယ်ယူခဲ့ပြီး ၃ နှစ်အကြာမှာ ဒေါ်လာ ၁၂သန်းဝန်းကျင်နဲ့ ပြန်ရောင်းထုတ်ခဲ့ပါတယ်။ Son ဟာ ၁၉၉၉ခုနှစ်က စတင်ကာ အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပြီး အခုထိ သရုပ်ဆောင်အလုပ်ကိုတည်တည်ငြိမ်ငြိမ်နဲ့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။
View this post on Instagram
သူမဟာ ကိုရီးယားရုပ်ရှင်တွေ စတင်ခေတ်စားတဲ့အချိန်တွေထဲကစပြီး သရုပ်ဆောင်အလုပ်နဲ့ အသက်မွေးခဲ့တာပါ။ ဟောလီးဝုဒ်မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Son ရဲ့ဇာတ်ကား The Cross ကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိမယ်လို့ သိရပါတယ်။ Son ဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံခြင်းကို စိတ်ဝင်စားတဲ့အပြင် အနုပညာလက်ရာတွေစုဆောင်တာ၊ အိမ်ထောင်ပရိဘောဂတွေနဲ့ အိမ်ခန်းဒီဇိုင်းအလှဆင်တာတွေကိုလည်း နှစ်သက်သူဖြစ်ပါတယ်။
View this post on Instagram
Son ရဲ့အိမ်ကို အပြင်ပိုင်းကြည့်ရင် ရိုးတယ်၊ရှင်းတယ်ထင်ရပေမယ့် တကယ်တော့ သူ့အိမ်ထဲမှာ တစ်ကမ္ဘာလုံးက နာမည်ကျော်ဒီဇိုင်နာတွေရဲ့ လက်ရာတွေကိုစုထားတာဖြစ်ပါတယ်။ Son ရဲ့ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုချောင်ထဲက ပရိဘောဂတွေစုစုပေါင်းတန်ဖိုးတင် ဒေါ်လာ ၁၈,၅၀၀ တန်ဖိုးရှိကြောင်းလည်း သိရပါတယ်။
CeleNow