တောင်ကိုရီးယားရဲ့ boy group တစ်ခုဖြစ်တဲ့ SHINee ရဲ့ အဖွဲ့ဝင် Minho ကတော့ အမေရိကန် သမ္မတကတော် Melania Trump နဲ့တွေ့ဆုံခွင့်ရခဲ့ပါတယ်။ တောင်ကိုရီးယားမှာရှိတဲ့ အမေရိကန်သံရုံးမှာကျင်းပတဲ့ “Girls Play 2” ဆိုတဲ့ Campaign ပွဲကို တက်ရောက်ရင်း ဆုံခဲ့ကြတာပါ။ အဲဒီပွဲကိုတော့ (၂၀၁၈) Pyeongchang ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲအတွက် ရည်ရွယ်ကျင်းပတာပါ။

Melania Trump က“လာမယ့်နှစ်ကျရင် အိုလံပစ်ပွဲ ကျင်းပတော့မှာဆိုတော့ အားလုံး စိတ်လှုပ်ရှားနေကြမယ်ဆိုတာ သေချာပါတယ်။ ဒီပွဲဟာ အားကစားကို ချစ်တဲ့စိတ်တွေကို အတူမျှဝေကြရင်း ကမ္ဘာကြီးကို ပိုပြီးညီညွတ်စေမယ့် အခွင့်အရေးကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

Minho ကတော့ “ဒီလိုပွဲကို တက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက အိပ်မက်က အားကစားသမား တစ်ယောက်ဖြစ်ချင်ခဲ့တာပါ။ အဆိုတော်တစ်ယောက်သာ ဖြစ်မလာခဲ့ဘူးဆိုရင် အားကစားသမားတစ်ယောက် ဖြစ်နေလောက်တယ်” လို့ ပြောခဲ့ပါတယ်။

“စာပေလေ့လာတယ်ဆိုတာ အရေးကြီးပေမယ့် ကျန်းမာရေးကတော့ အရေးကြီးဆုံးပါ။ ကျောင်းစာတွေလည်း လေ့လာမယ်။ လေ့ကျင့်ခန်းလည်း နည်းနည်းလုပ်မယ်ဆိုရင် စိတ်ဖိစီးမှုကိုလျှော့ချနိုင်မယ်။ ခန္ဓာကိုယ်လည်း ပိုကြံ့ခိုင်လာမယ်” လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။ Melania Trump နဲ့ Minho တို့ဟာ ကျောင်းသူတွေနဲ့အတူတူ ဓါတ်ပုံတွေလည်း ရိုက်ကူးခဲ့တယ်လို့ soompi မှာဖော်ပြထားပါတယ်။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။