“Running Man” က တော့ ပရိသတ်တွေ ရဲ့ အားပေးမှုကို အပြည့်အ၀ ကို ရထားတဲ့ variety show တစ်ခုပါ။ ကိုဗစ် ကြောင့် RM အပိုင်းတွေ ကို အပြင် ထွက် ပြီး သေချာ မရိုက်ကူးရတာ ကြာပါပြီ။အောက်တိုဘာ (၂၅)ရက်နေ့မှာတော့ SBS က နေ Jeju ကျွန်းမှာ ရိုက်ထားတဲ့ အပိုင်းရဲ့ Preview ကို ထုတ်ပြလိုက်ပါတ ယ်။ဒီတစ်ခါ အပိုင်းမှာတော့ Han Ji Eun, So Yi Hyun, Choi Yeo Jin, Lee Joo Bin တို့ က ဧည့်သည် တွေ အဖြစ် ပါဝင်သွားမှာပါ။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားပါတယ်။
မရောက်တာကြာနေပြီဖြစ်တဲ့ Jeju ကျွန်းမှာ ရိုက်ကူးရေး လုပ်ရလို့ RM အဖွဲ့ သားတွေက တော့ ပျော်ရွှင် စိတ်လှုပ်ရှား နေ ကြ ပါတယ်။ဒါ့အပြင် သူတို့ အတွက် အမျိုးသမီး ဧည့်သည် (၄)ယောက် နဲ့ပါ ရိုက်ကူးနေရလို့ ပျော် နေပါတယ်။အဖွဲ့ သား တွေ က ကျွန်းပေါ်က အရသာရှိတဲ့ အရာ တွေကို မြည်း စမ်း ခွင့်ရဖို့ အရမ်းကို စိတ်အား ထက် သန် နေ ကြပါတယ်။ဒါေ ပမယ့် လည်း မကြာခင်မှာ တော့ ဒီလို မြည်းစမ်း ခွင့်ကို ရဖို့ ခက်ခဲတဲ့ မစ်ရှင်တွေ ကို ပြုလုပ် ရမှာပါ။
အဲ့ဒီမှာတော့ Ji Suk Jin က Jun So Min နဲ့ Han Ji Eun တို့က အထက် တန်း ကျောင်း အတူတူ တက်ခဲ့တယ်ဆိုတဲ့ အကြောင်းကို ထုတ် ပြော ခဲ့ပါတယ်။အရင်က အတန်းဖော် ဟောင်းတွေ ဖြစ်တဲ့ သူတို့ နှစ်ယောက် က ရင်းနှီး နေတာ မျိုး မပြပဲ ကိုးရိုးကားရားပုံစံတွေ ဖြစ်နေတာကို မြင် တော့ Yang Se Chan က ၀င်ပြီး ရန်ဖြစ်ထားတာလား ဒါမှမဟုတ် တစ်ခုခု ဖြစ် ထားတာလား လို့ ၀င် နောက် ခဲ့ပါတယ်။ ဒီအပိုင်းကိုတော့ နိုဝင်ဘာ (၁)ရက်နေ့မှာ ထုတ်လွှင့်ပြသမှာပါ။
#CELENOW