SBS ရဲ့ Running Man Show ကတော့ တောင်ကိုရီးယားမှာတင်မဟုတ်ပဲ အာရှတစ်ဝန်းမှာပါ နာမည်ကြီးအောင်မြင်နေတဲ့ Reality Show တစ်ခုပါ။ဂယ်ရီထွက်ပြီးနောက်ပိုင်းမှာတော့ RM မှာ နောက်ထပ်Jun So Min နဲ့ Yang Se Chan  ဆိုတဲ့အဖွဲ့ဝင်သစ်နှစ်ယောက်ထပ်ထည့်ခဲ့ပါတယ်။ ဂယ်ရီထွက်ခါစအချိန်တုန်းက ကြည့်ရှုနှုန်းကျသွားခဲ့တဲ့ RM ဟာ အခုဆိုရင်တော့  ကြည့်ရှုနှုန်း ပြန်လည် မြင့်တက်လာခဲ့ပါပြီ။ပြီးခဲ့တဲ့ နောက်ဆုံးပိုင်းတုန်းကဆိုရင် ကြည့်နှုန်းစံချိန်တင်မြင့်တက် သွားခဲ့ပါတယ်။

မတ်(၁၈) ရက်နေ့တုန်းက ဆိုရင် ကြည့်ရှုသူအသက်အပိုင်းအခြား (၂၀) မှ (၄၉) အတွင်း ကြည့်နှုန်းဟာ အမြင့်ဆုံးအဆင့်ထိ ရျောက်ခဲ့ပါတယ်။ရာခိုင်နှုန်းအားဖြင့်ဆိုရင် ပထမထက်ဝက်အတွင်းမှာပဲ rating က (၃.၇)ရာခိုင်နှုန်းရှိခဲ့ပါတယ်။သတ်မှတ်ထားတဲ့ target age range မှာ ဆိုရင်တော့ (၆.၂) ရာခိုင်နှုန်းရခဲ့ပါတယ်။ပျှမ်းမျှ ratings (၆.၁)ရာခိုင်နှုန်းနဲ့ အသက်အရွယ်အပိုင်းအခြား အားလုံးကြည့်ရှုသူတွေမှာဆိုရင်တော့ (၁၀.၄)ရာခိုင်နှုန်း အထိ စံချိန်တင်နိုင်ခဲ့ပါတယ်။ဒီလို စံချိန် တင်ခဲ့ရတာဟာ Jun So Min ကြောင့်ပါ။

 

အမြဲတမ်းပရိသတ်တွေကို ရယ်စရာတွေ လုပ်ပြတတ်တဲ့ ဆိုးမင်က Yang Se Chan နဲ့ အတူ  ခြေမ ကို ခြေညှိုးနဲ့ ဖိညှပ်တဲ့ ကစားနည်း ကစားခဲ့ပါတယ်။သူတို့နှစ်ယောက်ရဲ့ ဒီကစားပွဲကြောင့် ကြည့်နှုန်းမြင့်ခဲ့တာပါ။ ratings က အမြင့်ဆုံး (၁၂)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာပါ။ဒီပွဲမှာတော့ ဆိုး မင်က သူမရဲ့ ခြေမ ကို ခြေညှိုးနဲ့ ဖိညှပ်တဲ့ ကစားနည်း skill ကို ပြခဲ့ပါတယ်။ဆဲ ချန်း တစ်ေ ယာက် နာလွန်းလို့ ငိုတောင်ငိုခဲ့ရတဲ့ အထိဖြစ်ခဲ့တယ်လို့ soompi မှာ ဖော်ပြထားပါတယ်။

Source : Soompi