BTS အဖွဲ့ရဲ့ ခေါင်းဆောင် RM က တော့ IQ မြင့်ပြီး ဥာဏ် ကောင်းတဲ့ Idol တစ်ယောက် အဖြစ် ပါ နာမည်ကြီးသူပါ။သူ့ရဲ့ IQ  က 148 ရှိ ပြီး အလယ်တန်း တုန်းက English for International Communication (TOEIC) မှာ အမှတ် ၉၀၀ ရ အောင် ဖြေနိုင်ခဲ့တဲ့ ဥာဏ်ကြီးရှင်  ပါ။ RM က တော့ သူ့ ပရိသတ် တွေ ကို Weverse က တစ်ဆင့် quarantine ကာလမှာ သူ အင်္ဂလိပ် စာကို လေ့လာ နေတဲ့ အ ကြောင်း အရင် တုန်းက ပြော ခဲ့ဖူးပါတယ်။အရင် အလယ် တန်း ကျောင်းသားဘ၀ မှာ ၀င် ဖြေခဲ့ပြီး နောက် ၁၀ နှစ် အကြာမှာ အပျော် သဘော နဲ့ TOEIC exam ၀င် ဖြေခဲ့ကာ ရလာတဲ့ အမှတ်ကို ထုတ် ပြ ခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial)

Fan တွေ တောင် မှ ဒါကို မြင်ပြီး လုံးဝ မချီးကျူး ဘဲ မနေနိုင် အောင် ဖြစ်ခဲ့ ကြပါတယ်။RM ရဲ့ အင်္ဂလိပ်လို ကျွမ်းကျွမ်း ကျင်ကျင် ပြော နိုင် ဖို့ အတွက် လည်း သူကိုယ်တိုင် တကယ့်ကို ကြိုးကြိုးစားစား လေ့လာ ခဲ့တဲ့ သူပါ။မကြာသေးခင်က နှစ်သစ် ရောက်တာကြောင့် Fan တွေ နဲ့ V Live က နေ စကား ပြော ခဲ့ပါတယ်။ V Live မှာတော့ မနှစ် တုန်းက သူရခဲ့တဲ့ TOEIC exam အမှတ်  အ ကြောင်း ပြော ပြ ခဲ့ ပါတယ်။” ၉၀၀ လား တခုခုပဲ. ၉၁၅ ထင် တယ် ကျွန် တော် ရတဲ့ အမှတ်က.” ဆိုပြီး ပြော ခဲ့ပါတယ်။ကောင်းကောင်း မဖြေနိုင်ခဲ့ဘူး၊သူက Reading ပိုင်းမှာ ညံ့ တယ် ဒါပေမယ့် Listening ပိုင်းမှာ တော့ ရတယ် လို့ RM က ပြောခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial)

“Reading ပိုင်းမှာ လုံးဝ မရ ဘူး။ ကျွန်တော်လည်း မကြာခဏ သိပ်ပြီး Reading မလုပ်ဖြစ်တာ ကြောင့် ကျွန် တော့် အားနည်းချက်က Reading ပိုင်း လို့ ထင်တယ်။လူတွေ က ကျွန်တော်က အင်္ဂလိပ်လို ဖတ်ပြီး ရင် ကိုရီးယားလို မြန်မြန် ဘာသာ ပြန် နိုင်တယ်လို့ ထင် နေကြတယ်။တကယ် အမှန် က အင်္ဂလိပ် စာတွေကို ဖတ် လိုက်ရင် ကျွန် တော့် ခေါင်းထဲမှာ လုံးဝ ကွက် လပ်ကြီး ဖြစ်သွားတယ်။ဒါ ကြောင့် Papago translator app က တစ်ဆင့် မြန်မြန် ဘာသာပြန် လိုက်ရတယ်။ကျွန် တော်က reading ပိုင်းမှာ အရမ်းညံ့တယ်။လုံးဝ မရဘူး။

 

View this post on Instagram

 

A post shared by BTS official (@bts.bighitofficial)

ဥာဏ် ကောင်းတဲ့ လူတွေ က TOEIC ဖြေရတာ အရမ်းလွယ် တယ်လို့  ပြောကြ တော့ ကျွန် တော့် မှာစိတ်မကောင်းဖြစ်ရတယ်။၉၀၀ ကျော် လောက် ရတည်းက ကျွန် တော် က တော့ ကျေနပ် နေတာပဲ။ဒါ ကြောင့် ထပ်ပြီး မဖြေချင် တော့ဘူး” လို့ ပြောခဲ့ပါတယ်။ RM ရဲ့ အမှတ်က ၉၉၀ မှာ ၉၁၅ ရခဲ့တာပါ။TOEIC ရဲ့ အမြင့်ဆုံး အမှတ် က ၉၉၀ ဖြစ်ပြီး ၉၀၀ ကျော် လောက် ရတယ် ဆိုရင် အမှတ် ကောင်းတယ်၊၇၅၀ လောက် ဆိုရင် ပျှမ်းမျှ အမှတ် ဆိုပြီး သတ်မှတ် လေ့ရှိပါတယ်။

#CELENOW