Kstarlive အရ အောက်တိုဘာ၂၂ရက်နေ့တုန်းက ကျော်ကြားတဲ့အယ်ဒီတာတစ်ယောက်ဖြစ်သူ Kang Kookhwa ဟာ အင်စတာဂရမ်ပေါ်ပို့စ်တစ်ခုတင်ခဲ့တယ် ဆိုပါတယ်။ ပို့စ်ထဲမှာတော့ ရိုင်းစိုင်းတဲ့အမျိုးသမီး idol တစ်ယောက်အကြောင်းလို့ဆိုကာ hashtags #psycho #monster ဆိုပြီး ရေးသားခဲ့တာပါ။ ဒီ hashtag တွေကြောင့် အွန်လိုင်းအသုံးပြုသူတွေကတော့ ဒါဟာ Irene သီဆိုထားတဲ့ သီချင်းတွေဖြစ်တဲ့အတွက် Irene ကိုပြောတာပဲဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်။

ဒီပို့စ်တင်ပြီး ညပိုင်းမှာတော့ Irene ကိုယ်တိုင်က အယ်ဒီတာတင်ထားတဲ့ပို့စ်ထဲကလူဟာ သူမဖြစ်တယ်ဆိုပြီး ဝန်ခံခဲ့ပါတယ်။ သူမရဲ့မိုက်မဲတဲ့သဘောထား၊ မဆင်မခြင်နိုင်တဲ့စကားလုံးတွေနဲ့ အပြုအမူတွေကြောင့် တောင်းပန်ပါတယ်ဆိုပြီး ရေးသားခဲ့တာပါ။ Irene က “ကျွန်မ အခုလက်ရှိနေရာကိုရောက်တဲ့အထိ ကျွန်မကိုအကူအညီပေးခဲ့သူတွေရှိပါတယ်။ ကျွန်မရဲ့မရင့်ကျက်တဲ့အပြုအမူနဲ့ သူတို့ကိုနာကျင်စေတာ နောင်တရမိပါတယ်။”  လို့ ဆိုခဲ့တာပါ။

ဒါ့အပြင် Irene ကသူမဟာ သူမပြောမိတဲ့စကားတွေအတွက် အရမ်းရှက်မိကြောင်း၊ ဝန်ထမ်းတွေရဲ့အရေးပါပုံကို ထပ်ပြီးခံစားရကြောင်းနဲ့ ရှေ့ကိုသတိထားပါ့မယ်ဆိုပြီး ပြောခဲ့ပါသေးတယ်။ သူမရဲ့တောင်းပန်စကားနဲ့အတူ SM Entertainment ကလည်း တရားဝင်ပြန်စာထုတ်ပြီး Irene ကြောင့် ထိခိုက်ခဲ့ရတဲ့ stylist အတွက် တောင်းပန်ခဲ့ပါတယ်။

ဒီတောင်းပန်စာတွေအပြီးမှာတော့ stylist တော်တော်များများကပါ သူတို့ရဲ့ခံစားချက်တွေကို ရင်ဖွင့်လာကြပါတယ်။ အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ယောက်ကတော့ Irene က stylist တွေအပေါ် ကိုယ်ထိလက်ရောက် စော်ကားပြီး ရိုင်းစိုင်းနေတာကိုတွေ့ဖူးတာ ၃ကြိမ်လောက်ရှိပြီလို့ပြောပြခဲ့ပါတယ်။ Irene ဟာ သူ စိတ်မထင်ရင်မထင်သလို ဝန်ထမ်းတွေအပေါ်အနိုင်ကျင့်တတ်တယ်လို့လည်း တစ်ဦးက ဆိုပါတယ်။ ဒါပေမဲ့လည်း Irene ဘက်က ရပ်တည်သူတွေလည်းရှိနေပါတယ်။ SM Entertainment မှာ အလုပ်လုပ်ဖူးတဲ့ stylist တစ်ယောက်ကတော့ Irene အပေါ်စွပ်စွဲထားတာတွေဟာ မှားယွင်းကြောင်းနဲ့ သူမဟာ ဝန်ထမ်းတွေနဲ့ stylist တွေအပေါ် အမြဲတမ်းကောင်းကောင်းမွန်မွန် ဆက်ဆံသူပါလို့ တုံ့ပြန်ပြောဆိုခဲ့ပါသေးတယ်။

CeleNow