မကြာသေးခင်ကမှ ဖခင်တစ်ယောက်ဖြစ်သွားတဲ့ အဆိုတော် မင်းသား Rain တစ်ယောက် နိုဝင်ဘာ(၂၇)ရက်နေ့က  SBS Power FM ရဲ့ ‘Cultwo Show’ အစီအစဉ်မှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီအစီအစဉ်မှာတော့ Rain နဲ့ အင်တာဗျူးလုပ်ခဲ့ပြီး အဖေတစ်ယောက်ဖြစ်လာရတဲ့ ခံစားချက်ကို မေးခဲ့ပါတယ်။

Rain က “အဖေတစ်ယောက်ဖြစ်ရတဲ့ ခံစားချက်နဲ့ပတ်သက်ပြီး မေးကြတယ်။ မိသားစုအကြောင်းလည်း မေးကြတယ်။ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်း ဆယ်လီမိသားစုတွေ အများကြီးကိုကြည့်ပြီး ကျွန်တော် Rule တစ်ခု သတ်မှတ်လိုက်တယ်။ ကျွန်တော့်မိသားစုအကြောင်းကို ရုပ်သံအင်တာဗျူးတွေမှာ မဖြေဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်လို့ လူတွေက မေးလာရင် ကျွန်တော့်ကို နားလည်ပေးပါလို့ပဲ ကျွန်တော်တောင်တောင်းဆိုရမှာပဲ။ အင်တာဗျူးတွေမှာ ကျွန်တော့်မိန်းမနဲ့ ကလေးအကြောင်း လျှောက်ပြောတာတွေက နောက်ပိုင်းကျရင် သူတို့အတွက် ကောင်းမယ်မထင်လို့ပါ” လို့ ဖြေခဲ့ပါတယ်။

ကိုရီးယားမှာရှိတဲ့ တစ်ချို့ဆယ်လီတွေရဲ့ သူတို့ရဲ့မိသားစုတွေအကြောင်းကို တခြားသူတွေသိရင် မလိုလားတဲ့ ပြဿနာတွေပေါ်မှာစိုးရိမ်လို့ private life အနေနဲ့ ထားကြတာတွေရှိပါတယ်။ အနုပညာနယ်ပယ်ကမဟုတ်တဲ့ အပြင်လူတွေနဲ့ လက်ထပ်ကြတဲ့ ဆယ်လီတွေထဲက တစ်ချို့ဆိုရင် ခင်ပွန်း(သို့)ဇနီးနဲ့ သား၊သမီးတွေကို လူတွေရှေ့မှာ ထုတ်မပြတာတွေတောင်ရှိပါတယ်။ ဥပမာဆိုရင်တော့ Running Man အဖွဲ့ဝင် Yoo Jae Suk ဆိုရင်လည်း သူ့ရဲ့ မိသားစုကို လူတွေရှေ့ထုတ်ပြတာမျိုး မလုပ်ဘဲ private အနေနဲ့ပဲ ထားတာကို တွေ့ရမှာဖြစ်သလို၊ အဖွဲ့ဝင်ဟောင်း Gary ဆိုရင်လည်း သူရဲ့ဇနီးကို ခုထိထုတ်မပြဘဲ private အနေနဲ့ထားတာကို တွေ့ရမှာဖြစ်ပါတယ်။

from allkop

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။