အဆိုတော် မင်းသား Rain ကတော့ သူ့ရဲ့ mini album သစ်နဲ့ ပရိသတ်တွေရှေ့ကို မကြာခင် ပြန်ရောက်လာတော့မှာပါ။သမီးတစ်ယောက်ရဲ့ အဖေအဖြစ် ရာထူးတိုးသွားတဲ့ Rain ကတော့ အခု နောက်ပိုင်းမှာ အနုပညာလှုပ်ရှားမှုတွေကို အရင်ထက်ပိုပြီး ခပ်စိပ်စိပ်လုပ်လာတာကို တွေ့ရပါတယ်။ အခု လည်း မကြာခင်မှာ ထွက်ရှိတော့မယ့် သူ့ရဲ့ mini album ထဲမှာ ပါဝင်မယ့် သီချင်းတစ်ပုဒ်ရဲ့ အမြည်း(teaser)ထွက်ရှိလာပါပြီ။

သီချင်းကတော့ Rain နဲ့ အဆိုတော် Jo Hyun Ah တို့ စုံတွဲသီဆိုထားတာပါ။ Rain က Jo Hyun Ah ကို သူ့အယ်ဘမ်မှာ ပါဝင်ပေးဖို့ အောင်အောင်မြင်မြင် သိမ်းသွင်းနိုင်ခဲ့ ပုံရပါတယ်။သူ တို့နှစ်ယောက်ဟာ SBS2 ရဲ့ ‘The Unit’ reality show မှာ ဆရာအဖြစ်နဲ့ ပါဝင်ပေးရင်း ဆုံခဲ့ကြသူတွေပါ။သူတို့နှစ်ယောက်ရဲ့ သီချင်းကတော့ “Let’s Break Up Today” ပါ။

Rain ရဲ့’My Life 愛’ အယ်ဘမ်ကတော့ ဒီဇင်ဘာ (၁)ရက်နေ့မှာ ထွက်ရှိမှာပါ။Rain ဟာ  Brand New Music ရဲ့ ပရိုဂျူဆာ Taewan နဲ့အတူ လက်တွဲအလုပ်လုပ်နေတာပါ။အဲ့ဒီသူဟာ သူ့ရဲ့ အရင် အယ်ဘမ်  “Rainism”(2008) ထုတ်တုန်းကလည်း လက်တွဲခဲ့သူပါ။Rain Effect Special Edition’ (2014) ထွက်ပြီးတည်းက အယ်ဘမ်သစ်မထွက်တော့ Rain အတွက် ကတော့ My Life 愛’  ဟာ (၃)နှစ်အတွင်း ပထမဆုံးထွက်ရှိမယ့် အယ်ဘမ်ဖြစ်လာမှာပါ။

FROM ALLLKPOP

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။