အဆိုတော် မင်းသား Rain နဲ့ မင်းသမီးချော Kim Tae Hee တို့ဟာ မကြာသေးမီကမှ သမီးလေးရတနာလေးကို ပိုင်ဆိုင်ခဲ့ကြသူတွေပါ။ အဖေချော၊ အမေချောတာကြောင့် သမီးလေးက ဘယ်သူနဲ့တူလဲ၊ သမီးလေးက ဘယ်လိုပုံလေးလဲဆိုတာကို အားလုံးက သိချင်နေကြပါတယ်။

Rain ကလည်း သမီးလေးမွေးတဲ့အကြောင်းကို အသိပေးရုံကလွဲပြီး သမီးလေးပုံတင်တာတွေ လုံးဝမရှိခဲ့ပါဘူး။ အင်တာဗျူးတွေမှာ မိန်းမနဲ့ ကလေးအကြောင်း လျှောက်ပြောတာတွေက နောက်ပိုင်းကျရင် သူတို့အတွက်ကောင်းမယ်မထင်တာကြောင့် အင်တာဗျူးတွေမှာ ဇနီးနဲ့သမီးအကြောင်း မဖြေချင်ဘူးလို့တောင် ပွင့်ပွင့်လင်းထုတ်ပြောခဲ့သူပါ။ ဒါပေမယ့် မီဒီယာတွေက ကြုံရင်ကြုံသလို ဒီအကြောင်းကိုပဲ မေးနေကြတာပါ။

 

JTBC ရဲ့ ‘Carefree Travelers’ အစီအစဉ်မှာ Rain ကို အင်တာဗျူးခဲ့ပါတယ်။ အဲဒီမှာ MC က သမီးလေးက ဘယ်သူနဲ့တူလဲ လို့ မေးခဲ့ပါတယ်။ Rain က သမီးလေးမှာ မျက်ရစ်ပါပါတယ်။ ကျွန်တော် ဒါပဲပြောပြပါ့မယ်ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ သမီးဖြစ်သူရဲ့ နာမည်ကတော့ ထူးချွန်တယ်ဆိုတဲ့ အဓိပ္ပါယ်မျိုးပါတဲ့ စာလုံးပါတယ်လို့လည်း ဖြေခဲ့ပါတယ်။ ဘယ်သူနဲ့တူတယ်ရယ်လို့တော့ တိကျတဲ့အဖြေကို မပေးပေမယ့် Rain က မျက်ရစ်မပါတဲ့အတွက် သမီးဖြစ်သူဟာ Kim Tae Hee နဲ့ တူတယ်လို့ သွယ်ဝိုက်ပြီး ဖြေခဲ့ပုံရပါတယ်။

 from allkpop

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။