Rain နဲ့ J.Y. Park တို့က အတူတွဲပြီး အနုပညာအလုပ်တွေ လုပ်တော့မှာကို သတင်းတွေ ထွက်ရှိထားခဲ့တာ အတော်ကြာပါပြီ။ အခုအချိန်မှာတော့ သူတို့ရဲ့ ပွဲဦးထွက်မယ့်ရက် ထွက်ရှိလာခဲ့ပြီလို့ သတင်းမီဒီယာတွေကနေ ရေးသားလာခဲ့ပါတယ်။

 

View this post on Instagram

 

A post shared by RAIN♥ (@rain_oppa)

သူတို့နှစ်ယောက်ကတော့ သူတို့ရဲ့ ပွဲဦးထွက်ကို နှစ်သစ်ကူးတဲ့နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သူတို့အတူ အနုပညာအလုပ်တွေ လုပ်မယ်ဆိုတည်းက ပရိသတ်တွေကတော့ စိတ်ဝင်စားမှုတွေ အရမ်းကို မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်လို့ allkpop ကနေ ရေးသားထားခဲ့ပါတယ်။

 

 

View this post on Instagram

 

A post shared by RAIN♥ (@rain_oppa)

သူတို့ရဲ့ ပွဲဦးထွက်နေ့က နှစ်သစ်ကူးနေ့မှာ ဖြစ်ပြီး သူတို့နှစ်ယောက်ကတော့ ဇန်နဝါရီလ ၁ ရက်နေ့မှာ KBS 1TV ရဲ့ AM Plaza အစီအစဉ်ကနေ live လွှင့်ပြီး ပရိသတ်တွေကို နှုတ်ဆက်သွားမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် AM Plaza အစီအစဉ်က ပရိသတ်တွေကို ဘဝရဲ့ နေနည်းလေးတွေနဲ့ ဗဟုသုတအချက်အလက်လေးတွေကို မနက် ၈ နာရီ ၂၅ မိနစ်တိုင်းမှာ ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by J.Y. Park (@asiansoul_jyp)

ပရိသတ်တွေကတော့ နှစ်ယောက်ပေါင်းပြီး ဘယ်လို အမိုက်စားတွေ ထွက်လာမလဲလို့ အမျှော်လင့်ကြီး မျှော်လင့်မိနေကြပါတယ်။ အားလုံးပဲ သူတို့ရဲ့ ပွဲဦးထွက်ကို စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။

 

 

View this post on Instagram

 

A post shared by Koreyaseverler🖤 (@hansamo.az)

Kham