BLACKPINK က တော့ ကမ္ဘာကျော် ကိုရီးယား အမျိုးသမီး အဆိုတော် အဖွဲ့ တစ်ဖွဲ့ပါ။အသက်လေးတွေ ကလည်း ငယ်၊ရုပ်ချောချော နဲ့ မိန်းမလှလေးတွေ ပါဝင် ထားတဲ့ အဖွဲ့ တစ်ဖွဲ့ပါ။ပရိသတ်တွေ သတိထားကြ ည့်ရင် တော့ သိမှာပါ။ BLACKPINK  က Variety Show တွေ သိပ်ပြီးတော့ ပါဝင် လေ့မရှိပါဘူး။ဒီလို မပါဝင် ရတဲ့အ ကြောင်းအရင်း နဲ့ ပတ်သက်ပြီး အဖွဲ့ဝင် Jennie က ထုတ်ပြောခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ koreaboo မှာ ဖော်ပြထားပါတယ်။

 

View this post on Instagram

 

블핑 x 런닝맨 방송 본사람 🙋🏼‍♀️ @sbs_runningman_sbs

A post shared by ROSÉ (@roses_are_rosie) on

အဖွဲ့ တော်တော်များများက အယ်ဘမ် သစ် ထွက်ပြီဆိုရင် သူတို့ အယ်ဘမ် ကို Promote လုပ်ဖို့ အတွက် Variety Show တွေမှာ ပါဝင် လေ့ရှိပါတယ်။သရုပ်ဆောင် နယ်ပယ်မှာ လည်း အဲ့ဒီအတိုင်းပါ။ဇာတ်ကားသစ် ကို Promote လုပ်ဖို့ အတွက် Show အများကြီး မှာ တောက်လျောက် ပါဝင် ကြတာပါ။ BLACKPINK   က တော့ ပါဝင် ပေမယ့် Show အများကြီး မှာတော့ ပါလေ့မရှိပါဘူး။ Knowing Brothers မှာတော့ ပါဝင်ရင်းနဲ့ Jennie က အားလုံးသိချင်နေကြတဲ့ Variety Show တွေ အများကြီးမှာ မပါဝင် ဖြစ်တဲ့ အ ကြောင်းအရင်းကို ပြောပြခဲ့ပါတယ်။

 

View this post on Instagram

 

오늘의 하루도 블링크꺼💙 LSG 💙

A post shared by J (@jennierubyjane) on

သူတို့ရဲ့ အေဂျင်စီ YG Entertainment က ပေး မပါဝင် တာပါလို့ ပြောခဲ့ပါတယ်။သူတို့ ဘက်က နေ Complain တက်တာ၊ တောင်းဆိုတာ မျိုး မရှိရင် အေဂျင်စီဘက်က နေ ပေး မပါဝင် ပါဘူး လို့ ပြောခဲ့ပါတယ်။ variety show တွေ အများကြီး မှာ ပါဝင် ချင်တယ်လို့ Jennie က တောင်းဆို ခဲ့ဖူးပါတယ်။ဒါပေမယ့် လည်း YG က ပါဝင်တဲ့ Show  အ ရေ အ တွက် အပေါ် ကန့် သတ် ထားပြီး ဒီလို လုပ်ရတာဟာ သီချင်းထွက်ဖို့ အတွက် ပင်ပန်း ထားရတဲ့ အဖွဲ့ ၀င်တွေ ကို နားချိန် ရ စေချင်လို့ လုပ်ရတာပါလို့ Jennie က ပြန် ပြောခဲ့ပါတယ်။ ဒီတစ်ကြိမ် မှာတော့ မနားတော့ပဲ variety show တွေ မှာ ပါဝင် ဖို့ အဖွဲ့ဝင်တွေ က ဆုံးဖြတ်ခဲ့တာ လို့ ပြောခဲ့ပါတယ်။

 

View this post on Instagram

 

Lovesick but pretty savage

A post shared by BLΛƆKPIИK (@blackpinkofficial) on

BLACKPINK က တော့ Knowing Brothers နဲ့ Running Man တို့ မှာ ပါဝင် ပေးခဲ့ပါတယ်။Running Man မှာ ပါဝင် ပေးခဲ့တဲ့ အပိုင်းကိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ဒီအပိုင်း ကြောင့် အဖွဲ့ဝင် Jeon So-min က တော့ အခုဆိုရင် ပရိသတ်တွေ ရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ပြင်းပြင်းထန်ထန် ခံနေရပါတယ်။

BLACKPINK နဲ့ တွဲက တာကို  Jeon So-min အတွက် ပြစ်ဒဏ် ဆိုပြီး လုပ်တာ၊က တော့လည်း BLACKPINK ရဲ့ အလယ်မှာ ၀င်ကတာ တွေ၊ Jisoo ကို ကန်တာ တွေ ကြောင့် တော်ေ တ်ာလေး အ ပြောခံနေရ ပါတယ်။ဒီ့ထက် ပိုဆိုးတာက Variety Show  မှာ ပါခဲတဲ့ BLACKPINK အဖွဲ့ဝင် Lisa  အပိုင်းကို ဖြတ်ထုတ်လိုက်တာ တွေ ကြောင့် ပရိသတ်တွေ က တော်တော် လေး မကျေမနပ် ဖြစ် နေပါတယ်။

#CELENOW