‘Penthouse’ Special Episode ရဲ့ အမှတ်တရ ပုံရိပ်တွေကို တော့ SBS နဲ့ အနုပညာရှင် တွေရဲ့ Instagram မှာ ဝေမျှ ပေးထာပါတယ်။’Penthouse’ ရဲ့ အထူး အပိုင်းကိုတော့ ဒီကနေ့ ဇန်န၀ါရီ ၁၂ ဒေသစံတော်ချိန် 10.20 p.m မှာ ပြသ မှာပါ။အထူးအပိုင်းကိုတော့ The Penthouse’s Hidden Room: The Hidden Stories ဆိုပြီး နာမည် ပေးထားပါတယ်။ဇာတ်ကား ရိုက်ကူးရေး behind-the-scenes အမှတ်တရ တွေ ကို ဒီ အပိုင်းမှာ ပြန်လည် ဝေမျှ ပေးသွား မှာပါ။ဒါလေးက တော့ Season 2 ကို စောင့်မျှောနေတဲ့ ပရိသတ်တွေ အတွက် Penthouse အဖွဲ့ သားတွေ ရဲ့ အထူး အစီအစဉ်ပါ။ဒီအ ကြောင်း ကို တော့ zapzee.net မှာ ဖော်ပြ ထားပါတယ်။

SBS ရဲ့ Instagram မှာ တော့ Special Episode ရဲ့ အမှတ်တရ ပုံတွေ အများကြီးကို ဝေမျှ ပေးခဲ့ပါတယ်။ဒါ့အပြင် ဇာတ်ကားထဲမှာ ရိုဂန်လီ ဆိုတဲ့ ဇာတ် ကောင် နေရာကေ န ပါဝင်ခဲ့တဲ့ Park Eunseok ရဲ့ Instagram မှာ တော့ ရိုက်ကူးရေး အမှတ်တရ ပုံရိပ် ကို ဝေမျှ ထားပါတယ်။ Eugene ကလည်း သူမရဲ့ အကောင့်မှာ Park Eun-seok  ၊Yoon Jong-hoon တို့ နဲ့ အတူ ရိုက်ထားတဲ့ ပုံလေးကို ပါ ဝေမျှ ထားပါတယ်။

 

View this post on Instagram

 

A post shared by EUGENE’S FAN (@eugene_fanss)

Lee Ji-ah က တော့ သူမရဲ့ IG Story မှာ နှင်းတွေ ကြားက သူမရဲ့ ဗီဒီယိုလေးကို တင်ထားပါတယ်။ Park Eunseok ကလည်း နှင်းတွေ ကျ နေတဲ့ ပုံကို တင်ထားတာမို့ ပရိသတ်တွေ က တော့ Season 2 ရိုက်ကွင်းက များဖြစ် နေမလား ဆိုပြီး ထင်ကြေး ပေးနေကြပါတယ်။

Image:IG/Park Eun-seok & Lee Ji-ah

’Penthouse’ Season 2 ပြ သမယ့် ရက်က နှောင့်နှေး ကြန့်ကြန့် နိုင်ချေ ရှိတယ်လို့ သတင်း တွေ ထွက်ပေါ် ခဲ့ ပြီး နောက် အခု က တော့ လာမယ့် ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြသမယ်လို့ SBS ကေ န အတည်ပြု ကြေညာလိုက်တာပါ။ Season 2 နဲ့ ပတ်သက်တဲ့ တခြား သော အချက် အလက်တွေကို တော့ ဘာမှ ထုတ်မပြော သေးပါဘူး။

Season 1 ပြီး တုန်းက ပါဝင် တဲ့ သရုပ်ဆောင် တွေ ကို ဇာတ်ကားပြီး တဲ့ အမှတ်တရ အင်တာဗျူး တွေ လုပ်ခဲ့ပါတယ်။အဲ့ဒီမှာတော့ ပါဝင် သူတွေ က နောက်လာမယ့် Season2 မှာ ဇာတ်လမ်း ဇာတ်ကွက် အချိုး အကွေ့ အလှည့်အ ပြောင်းကြီး တွေ  ပါဝင် သွားမယ်လို့ ထုတ် ပြော ခဲ့ဖူးပါတယ်။

#CELENOW