“Penthouse” Season 1 က တော့ ပြီးသွားခဲ့ပေမယ့် လည်း ဇာတ်ကားနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားမှာတော့ ဒွိဟ အတွေး တွေ အများကြီး ဖြစ် ကျန် နေတုန်းပါ။အဲ့လို ဖြစ်အောင်လို့ လည်း ဒါရိုက်တာနဲ့ ဇာတ်ညွှန်း ရေးသူတို့က တမင်ဖန်တီးထားတာပါ။Season3 အထိ ပြသ သွားမယ့် ဒီဇာတ်ကားက တော့ အခု Season 1 မှာ မပြီးပြတ်သေးတဲ့ အရှုပ် တော်ပုံ တွေကို မရှင်းပဲ ဒီအတိုင်း ထားထား ခဲ့တာပါ။Season 1 တစ်လျှောက် လုံးမှာလည်း ဇာတ်ကား ထဲမှာ ပရိသတ်တွေ မျှော်လင့် မထားတဲ့ အချိုးအ ကွေ့ အလှည့်အ ပြောင်းတွေ အများကြီး ကို ထည့်သွင်း ထားခဲ့ပါတယ်။နောက်ဆုံး မှာ ပရိသတ်တွေ အရမ်း ချစ် အရမ်း အားပေးတဲ့ ရှင်းဆူယွန်း ဆိုတဲ့ ဇာတ်ကောင်ကိုပါ သတ်ပစ်ခဲ့ပါတယ်။ဒီအကြောင်းကိုတော့ Koreaboo မှာ ဖော်ပြထားတာပါ။(သတိ-ဇာတ်ကား မကြည့်ရ သေးသူတွေ အတွက် Spoiler ဖြစ်စေနိုင်)
View this post on Instagram
ဇာတ်ကားထဲမှာ ရှင်းဆူယွန်းဇာတ်ကောင်ကို သတ်ပစ်လိုက် ပေမယ့်လည်း ဒီကိစ္စ က ဒီလောက် ထိ မရိုးရှင်းပါဘူး။ရှင်းဆူယွန်းမှာ အမြွှာ ရှိတဲ့ အရိပ် အမြွတ် တွေ ကို ပေးပြီး မှ အသတ်ခံလိုက်ရတယ်ဆိုပြီး ဖြစ်လာတာပါ။ခင်ပွန်းဖြစ်သူ Joo Dan Tae (Um Ki Joon) ရဲ့ သတ်တာကို ခံလိုက်ရတယ်ဆိုပြီး အပိုင်း ၂၀ မှာ ပြ ခဲ့ပါတယ်။ရှင်းဆူယွန်းက ဒီဇာတ်ကားထဲမှာ ဆိုရင် ပညာတက် ဥာဏ်ကောင်းတဲ့ ဇာတ်ကောင်မျိုးဖြစ်ပြီး အမြဲ ရှေ့တစ်ကွက် ကြို မြင်လာ ခဲ့သူ မို့ ဒီလောက် လွယ်လွယ်နဲ့ အသတ် ခံရမှာ မဟုတ်ဘူးလို့ ကြည့်ရှုသူတွေ က တစ်ထစ်ချ လက်ခံယုံ ကြည် ထားပါတယ်။ဒါ့အပြင် ပိုပြီး သိသာ တဲ့ သက် သေ တစ်ချို့ကိုပါ ပရိသတ်တွေ က ထောက်ပြ လာခဲ့ပါတယ်။
View this post on Instagram
ပရိသတ်တွေ က တော့ အသတ်ခံရတဲ့ သူက ရှင်းဆူယွန်းရဲ့ အမြွှာ သာ ဖြစ်နိုင် တယ်လို့ ကောက်ချက် ချ ရတဲ့အ ကြောင်း အရင်း တွေ ရှိပါတယ်။အဲ့ဒါက တော့ ကလေး တွေ ဒုက္ခ ရောက် နေပြီဆိုလို့ ဟယ်ရာ နန်းတော်ထဲကို အပြေး ပြန်လာ တဲ့ အပိုင်းပါ။ဟယ်ရာ နန်းတော်ထဲ ၀င်လာ တုန်းက နားမှာ ရွှေ နားကွင်းကို ၀တ်ထား ပါတယ်။

ဒါကိုလည်း ကင်မရာက သေချာ ရိုက်ပြထားပါတယ်။အသတ်ခံလိုက်ရတဲ့ အခန်းမှာတော့ နားမှာ နားကွင်း မရှိတော့တာကို လည်း ကင်မရာ က သေချာ ရိုက်ပြ ခဲ့ပါတယ်။ဒါကြောင့် ဟယ်ရာ နန်းတော် ထဲ ၀င်လာ တုန်းက လူနဲ့ အသတ်ခံလိုက်ရတဲ့ လူ တစ်ယောက်တည်း မဖြစ်နိုင်ဘူး လို့ ကောက် ချက် ချ ခဲ့တာပါ။
View this post on Instagram
ပရိသတ်တစ်ချို့က တော့ နောက် Season 2 ကျရင် Lee Ji Ah က လိပ်ပြာတက်တူး ပိုင်ရှင် Joo Dan Tae ရဲ့ ပထမ ဇနီး အဖြစ်နဲ့ ပြန် ပေါ်လာ နိုင် တယ် ဆိုပြီး ထင် ကြေး ပေး နေကြပါတယ်။ကြည့်တဲ့ ပရိသတ်တစ်ချို့ကတော့..”ရှင်းဆူယွန်း သေတာ လုံးဝ မဖြစ်နိုင်ဘူး သေချာတယ်၊ရှင်းဆူယွန်း ရဲ့ အမြွှာ သေတာပဲ ဖြစ်မယ်…” အစ ရှိသဖြင့် အမျိုးမျိုး မှတ်ချက် ပေးခဲ့ကြပါတယ်။Season 2 ကေ တာ့ ဖေဖော်ဝါရီ ၁၉ မှာ ပြသမှာပါ။
View this post on Instagram
#CELENOW