ရုပ်ရှင်သရုပ်ဆောင် Park Shin Hye ဟာ အရည်အချင်းရှိတဲ့ K-drama မင်းသမီးတွေထဲက တစ်လက်ဖြစ်ပါတယ်။ ဘယ်လိုဇာတ်ရုပ်မျိုးမဆို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တဲ့အကြောင်း သူမက Sisyphus: The Myth နဲ့ သက်သေပြတော့မှာပါ။ ဒီဇာတ်လမ်းစီးရီးထဲမှာတော့ Park Shin Hye ကို အရင်ဇာတ်ကောင်တွေနဲ့ မတူတဲ့ ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ Trailer တွေ၊ ပိုစတာပုံတွေမှာလည်း အကြမ်းပတမ်း မာထန်တဲ့ပုံစံနဲ့သူမကို တွေ့ရတာကြောင့် ပရိသတ်တွေကတော့ ဒီစီးရီးကိုကြည့်ဖို့ မျှော်လင့်နေကြတာပါ။
View this post on Instagram
အခုဆိုရင်တော့ Sisyphus: The Myth ထဲက Park Shin Hye ရဲ့သရုပ်ဆောင်မှုအပေါ် ဖြေကြားခဲ့တဲ့ ထုတ်လုပ်ရေးအဖွဲ့ရဲ့စကားသံတွေကိုလည်း pinkvilla ကတဆင့် အခုလိုသိရပါတယ်။
“Park Shin Hye က သရုပ်ဆောင်တာ အရမ်းတော်ပါတယ်။ ကြမ်းတမ်းခက်ထန်ပြီး အရိုင်းဆန်တဲ့ သူ့ရဲ့အက်ရှင်မြင်ကွင်းတွေကို ဒီဇာတ်လမ်းထဲတွေ့ရမှာပါ။ ဒါကြောင့်လည်း သူက Park Shin Hye ဆိုပြီး နာမည်ကြီးတာ။ ဇာတ်လမ်းထဲမှာတော့ ရဲရင့်တဲ့စစ်သား Kang Seo Hae အဖြစ် သရုပ်ဆောင်ထားတဲ့ သူ့ရဲ့စိန်ခေါ်မှုအသစ်တွေကို မြင်ရမှာပါ။”
View this post on Instagram
ထုတ်လုပ်ရေးအဖွဲ့ဟာ Park Shin Hye က သေနတ်လွယ်ထားတဲ့ပိုစတာတွေကိုလည်း ထုတ်ခဲ့ပါသေးတယ်။ Sisyphus: The Myth ထဲမှာတော့ Park Shin Hye ဟာ သရုပ်ဆောင် Cho Seung Woo ရဲ့ဇာတ်ကောင် Han Tae Sool ကိုပံ့ပိုးတဲ့ အရည်အချင်းရှိတဲ့စစ်သား Kang Seo Hae အဖြစ်ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူမရဲ့ ကြိုးလျောစီးစွမ်းရည်၊ ယောက်ျားသားတွေအများကြီးကို အလဲထိုးကာ ရင်ဆိုင်တိုက်ခိုက်ရတာတွေအပြင် အခြား အက်ရှင်ဇာတ်ကွက်တွေကိုလည်း တွေ့မြင်ရဦးမှာဖြစ်ပါတယ်။
CeleNow