“Fight For My Way”  ဇာတ်ကားမှာ Kim Ji Won နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Seojoonဟာ နိုဝင်ဘာလ အစောပိုင်းလောက် စကာင်္ပူမှာ ပရိသတ်တွေနဲ့ တွေဆုံပွဲပြုလုပ်ခဲ့ပါတယ်။ အဒီပွဲမှာ Park Seojoonဟာ သူငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ အိပ်မက်ကို ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။

Park Seojoonဟာ ငယ်ငယ်တုန်းက ဘေစ့်ဘောကစားသမားတစ်ယောက်ဖြစ်ချင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ Park Seojoon ရဲ့ အဖေဟာ Park Seojoonရဲ့ညီလေးကပိုပြီးတော့သန်မာတယ်ဆိုပြီး ညီလေးကိုပဲ အားကစားလေ့ကျင့်ခန်းတွေလုပ်စေခဲ့တယ်လို့ Park Seojoonကပြောပြခဲ့ပါတယ်။

တကယ်လို့သာ  Park Seojoonဟာ အားကစားသမားတစ်ယောက်ဖြစ်ခဲ့ရင် အခုသရုပ်ဆောင်ဖြစ်နေသလိုမျိုးအောင်မြင်မလားဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။

Source:Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။