Song-Song စုံတွဲလိုပဲ ပရိသတ်တွေ အရမ်းကိုသဘောတူနေကြတဲ့ နောက်ထပ်ကိုရီးယား idol စုံတွဲတစ်တွဲကျန်ပါသေးတယ်။ သူတို့ကတော့ မင်မင်-ဘုံဘုံ စုံတွဲပါ။ Strong Woman Do Bong Soon ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အတူတူသရုပ်ဆောင်ခဲ့ကြသူတွေပါ။ အရမ်းကို လိုက်ဖက်လွန်းပြီး ချစ်စရာကောင်းလွန်းလို့ သူတို့နှစ်ယောက်ကို အပြင်မှာပါ တကယ်ချစ်သူတွေ ဖြစ်သွားဖို့ fan တွေက မျှော်လင့်နေကြတာပါ။ ဇာတ်ကားအတူရိုက်ကတည်းက အပေးအယူတွေ အရမ်းမျှနေတဲ့ သူတို့စုံတွဲဟာ မကြာခင်မှာပဲ ပရိသတ်တွေ မျှော်လင့်ထားသလို အခြေအနေဖြစ်လာတော့မယ့် အရိပ်အယောင်တွေ တွေ့နေရပါတယ်။

မင်းသား Park Hyung Sik နဲ့ မင်းသမီး Park Bo Young တို့ကိုဆိုရင် Park-Park စုံတွဲ (သို့) မင်မင်-ဘုံဘုံ စုံတွဲဆိုပြီး လူသိများပါတယ်။ ‘Descendants of the Sun’ ကို အကြောင်းပြုလို့ Song-Song စုံတွဲထွက်လာသလို Strong Woman Do Bong Soon ကြောင့် မင်မင်-ဘုံဘုံ စုံတွဲဆိုပြီး ထွက်လာတော့မယ့် အနေအထားပါ။

ဇာတ်ကားပြီးသွားပေမယ့် သူတို့နှစ်ယောက်ဟာ အဆက်အသွယ်ဆက်ရှိနေပုံပါပဲ။ နိုဝင်ဘာ(၄)ရက်နေ့က ရွေ့လျားကော်ဖီဆိုင် ကုမ္ပဏီတစ်ခုကနေ ဓါတ်ပုံတွေတင်လိုက်ပါတယ်။ ပုံတွေကတော့ Park Hyung Sik က “Your Marriage”(ယာယီပေးထားတဲ့နာမည်) ဇာတ်ကား ရိုက်ကူးနေတဲ့ Park Bo Young ဆီကို ပို့လိုက်တဲ့ ကော်ဖီကားရဲ့ ပုံပါ။ကားမှာ စာတန်းတစ်ခုလည်း ပါပါသေး တယ်။ အဲဒီမှာရေးထားတာကတော့ “မင်းလက်ထပ်မှာကို ကန့်ကွက်တယ်။From Ahn Min Hyuk ” ဆိုပြီး ရေးထားတာပါ။ “Ahn Min Hyuk” ဆိုတဲ့ နာမည်ကတော့ “Strong Woman Do Bong Soon”  ဇာတ်ကားထဲက Park Hyung Sik ရဲ့ ဇာတ်ကောင်နာမည်ပါ။

” ‘Your Marriage’  အတွက် အားပေးပါတယ်” ဆိုတဲ့ စကားနဲ့ အဆုံးသတ်ထားပါတယ်။ Park Bo Young ဟာ လက်တလောမှာတော့ မင်းသား Kim Young Kwang နဲ့ ဇာတ်ကားအတူ ရိုက်ကူးနေပါတယ်။ Park Hyung Sik ကိုလည်း နောက်နှစ်ကျရင် KBS drama “Suits” မှာ မြင်တွေ့ရအုံးမယ်လို့ soompi မှာဖော်ပြထားပါတယ်။

Park Couple စင်ကာပူပရိသတ်တွေနဲ့ တွေ့ဆုံတုန်းက ဗီဒီယိုဖိုင်

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။