တောင်ကိုရီးယားမင်းသားချော Park Bogum ရဲ့ နွေဦးဖက်ရှင်ပုံရိပ်တွေ ထွက်ပေါ်လာပါတယ်။ပုံတွေထဲမှာတော့ ပတ်ခ်ဘိုဂန်က fashion brand ‘TNGT,’ ရဲ့ ဒီဇိုင်းတွေနဲ့ အပြတ်လန်းနေတာပါ။

ဧပြီ (၂)ရက်နေ့တုန်းက ‘TNGT,’ အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့တာပါ။နွေဦးနဲ့ နွေရာသီဖက်ရှင်ဆိုတဲ့ အတိုင်း ပေါ့ပေါ့ပါးပါး အရောင် အဖျော့ ဖက်ရှင်မျိုးတွေကို ၀တ်ဆင်ထားတာပါ။ပုံတွေရဲ့ အောက်ဆုံးမှာတော့ ဓါတ်ပုံ ရိုက်ကွင်း ပုံရိပ်မှတ်တမ်း ဗီဒီယိုဖိုင် ပါရှိပါတယ်။

Park Bo-gum ကတော့ (၁၉၉၃)မှာ မွေးပြီး အသက် (၂၄)နှစ်ပဲ ရှိသေးတဲ့ တောင်ကိုရီးယားရဲ့ နာမည်ကြီး သရုပ်ဆောင်မင်းသားတစ်ယောက်ပါ။ရုပ်ရှင်ကားတွေနဲ့ TV ဇာတ်လမ်းတွဲတွေမှာ ပါဝင်ရင်း ပရိသတ်အားပေး လက်ခံ မှုရခဲ့သူပါ။Hello Monster (2015),  Reply 1988 (2015–2016), နဲ့ Joseon Crown Prince in Love in the Moonlight (2016) တို့ကတော့ သူ့ရဲ့နာမည်ကြီးဇာတ်ကားတွေပါ။ Gallup Korea ကနေ ဖော်ပြ တဲ့ Actor of the Year စာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံး အနုပညာရှင်တစ်ယောက်ပါ။Forbes ကနေ ဖော်ပြ တဲ့ Korea Power Celebrity စာရင်းမှာ ပါဝင်ခွင့်ရခဲ့တဲ့ အသက်အငယ်ဆုံး ကိုရီးယား အနုပညာရှင်တစ်ယောက်ပါ။

Source kstarlive