“Strong Woman Do Bong Soon” ဇာတ်ကားမှာ အတူတွဲ သရုပ်ဆောင်ခဲ့တဲ့ Park Hyung Sik နဲ့ Park Bo Young ကို ပရိသတ်ကြီးမှတ်မိအုံးမှာပါ။ အတွဲညီညီနဲ့ အရမ်းကို လိုက်ဖက်လွန်းလို့ အပြင်မှာပါ  စုံတွဲ ဖြစ် သွားဖို့ ပရိ သတ်တွေက မျှော်လင့်နေတာပါ။Park Hyung Sik ကတော့ အသက် (၂၆)နှစ်ဖြစ်ပြီး Park Bo Young ကတော့ အသက်(၂၈)ဖြစ်တာကြောင့် တကယ်များ တွဲဖြစ်ကြမယ်ဆိုရင်တော့ Song စုံတွဲလိုပဲ နောက်ထပ် ” မနဲ့မောင်.” စုံတွဲ တစ်တွဲ ထပ်ပြီးထွက်ပေါ် လာအုံးမှာပါ။မင်းသား Park Hyung Sik နဲ့ မင်းသမီး Park Bo Young တို့ကိုဆိုရင် Park-Park စုံတွဲ (သို့) မင်မင်-ဘုံဘုံ စုံတွဲဆိုပြီး လူသိများပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက Park Hyung Sik က Park Bo Young  ကို ကော်ဖီကား ပို့ပေး ခဲ့ ဖူးပါတယ်။ဒီ တစ် ကြိမ်  ကတော့  Park Bo Young ကပြန်ပြီး လက်ဆောင်ပေးခဲ့တာပါ။Park Hyung Sik ရဲ့ ဒရမ်မာကား သစ် “Suits.” အတွက် အားပေးတဲ့ အနေနဲ့ ပို့ပေးခဲ့တာပါ။

  

ကော်ဖီကားရဲ့ စာတန်းမှာတော့ “အလုပ်ပြောင်းသွားတဲ့ အတွ က် ဂုဏ်ယူပါတယ်.. CEO Ahn Min Hyuk .. မှ/ရှင့်ရဲ့ Secretary ဟောင်း Bong Soon ..” ဆိုပြီး ရေး ထားပါတယ်။နာမည်တွေကတော့ “Strong Woman Do Bong Soon.” ထဲက သူတို့ရဲ့ ဇာတ်ကောင် နာမည်တွေ ပါ။ကော်ဖီခွက်တွေရဲ့ အပတ်လေးတွေမှာလည်း အဲ့လိုတွေ ရေးထားပါတယ်။ကော်ဖီကားမှာ “Suits”ကိုအားပေး တယ်ဆိုပြီးတော့လည်း ရေးထားပါသေးတယ်။

Source soompi