တစ်ကိုယ်တော်အဆိုတော် Park Bo Ram နဲ့ အဆိုတော် မင်းသား Seo In Guk တို့ဟာ တွဲနေတယ်ဆိုပြီး သတင်းတွေ ထွက်နေတာကြာခဲ့ပါပြီ။ အခုတော့ အဲ့ဒီသတင်းတွေ မှန်ကန်ကြောင်း အတည်ပြုလိုက်ပါပြီ။

Park Bo Ram ကတော့ အသက်(၂၃)နှစ်ရှိပြီဖြစ်ပြီး Seo In Guk ကတော့ အသက်(၃၀)ပါ။ ဒီဇင်ဘာ(၆)ရက်နေ့က ဒီသတင်းထွက်ပေါ်ခဲ့တာပါ။ စတားနှစ်ယောက်လုံးဟာ ‘Superstar K’ Talent Show ရဲ့ပြိုင်ပွဲဝင်ဟောင်းတွေပါ။Seo In Guk က Season 1၊ Park Bo Ram ကတော့ Season 2 မှာ ၀င်ပြိုင်ခဲ့တာပါ။ သူတို့တွဲလာတာကတော့ တစ်နှစ်ခွဲလောက်တောင်ရှိပါပြီ။ တွဲနေကြောင်းကိုတော့ အခုမှ အတိအလင်း ကြေညာခဲ့တာပါ။

သူတို့နှစ်ယောက် တိတ်တိတ်လေးခိုးပြီး တွဲနေကြ၊ ဒိတ်လုပ်နေကြတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာတွေရှိပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့အောက်တိုဘာတုန်းက Park Bo Ram ရဲ့ မိခင်ကွယ်လွန်ချိန်တုန်းကလည်း Seo In Guk က အနားမှာ အဓိကအားပေးဖော်အဖြစ်ရှိနေပေးခဲ့ပါတယ်။ အခုတော့ တွဲနေကြောင်းကို Seo In Guk ရဲ့ အေဂျင်စီကုမ္ပဏီ BS Company ကနေ အတည်ပြုလိုက်ပါတယ်။

from allkpop

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။