မကြာသေးခင်ကမှ Netflix မှာပြနေတဲ့ Record of Youth ထဲမှာ Park Bo-gum ဟာ သရုပ်ဆောင်မင်းသားတစ်လက်ဖြစ်ဖို့ ကြိုးစားနေတဲ့မော်ဒယ် Hye-jun  အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Hye-jun နဲ့မတူတဲ့အပြင်က Bo-gum ကတော့ မော်ဒယ်နဲ့မတူခဲ့သလို သရုပ်ဆောင်ဖြစ်ဖို့ကလည်း သူ့အတွက် ပထမဦးစားပေးမဟုတ်ခဲ့ပါဘူး။ ဒါကြောင့် အခုအခါမှာတော့ scmp ကတဆင့် Bo-gum ရဲ့မကျော်ကြားခင် ဖြတ်သန်းလာတဲ့ဘဝအကြောင်းကို ဖော်ပြပေးသွားမှာပါ။

Bo-gum ကို ၁၉၉၃ ခုနှစ်တုန်းက ဆိုးလ်မြို့ Yangcheon-gu ခရိုင်က သာမန်လူနေရပ်ကွက်တစ်ခုမှာမွေးတာပါ။ သူဟာ ငယ်ငယ်တုန်းက Seoul Mokdong မူလတန်းကျောင်းနဲ့ Mokdong အလယ်တန်းကျောင်းကိုတက်ခဲ့ပါတယ်။ ကျောင်းသားဘဝတုန်းကတော့ Bo-gum က မျက်နှာပြည့်ပြည့်ဖြိုးဖြိုးနဲ့ ချစ်စရာကောင်းပါတယ်။

အစတုန်းကတော့ Bo-gum ဟာ တေးရေးတေးဆိုအနုပညာရှင်ဖြစ်ချင်ခဲ့တာပါ။ ငယ်ငယ်က ပီယာနိုအတီးသင်ခဲ့တဲ့အပြင် ဘုရားကျောင်း choir မှာလည်းပါဝင်ခဲ့ဖူးပါတယ်။ အထက်တန်းကျောင်းရောက်တော့ သူကိုယ်တိုင်ပီယာနိုတီးပြီး သီချင်းဆိုနေတဲ့ဗီဒီယိုကို Talent agency တွေဆီပို့ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ သရုပ်ဆောင်တဲ့ဘက်ရောက်ခဲ့တာပါ။ ဒါပေမဲ့ Bo-gum က သူ့ရဲ့တေးသီချင်းတွေကိုလည်းမေ့မထားပါဘူး။ ၂၀၂၀မတ်လတုန်းက သူ့ရဲ့Blue Bird အမည်ရှိတဲ့ အယ်လ်ဘမ်ထွက်ထားပါသေးတယ်။

Bo-gum ဟာ Reply1988 (၂၀၁၅) Love in the Moonlight (၂၀၁၆) နဲ့ Encounter (၂၀၁၈) ဇာတ်ကားတွေနဲ့ လူသိများခဲ့ပါတယ်။ ၂၀၁၁ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Blind ဇာတ်ကားကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ သူဟာ ၂၀၁၃ခုနှစ်မှာလည်း အမေချစ်သား mama’s boy အဖြစ် Wonderful Mama ဆိုတဲ့ဇာတ်ကားထဲ ပါဝင်သရုပ်ဆောင်ထားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ Lee Seo-jin ဇာတ်ကောင် Dong-seok အဖြစ် ဆယ်ကျော်သက်နေရာက သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီနှစ်မှာပဲ Naeil’s Cantabile ဒရာမာကားထဲ  cello တီးခတ်သူပါရမီရှင်အဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Hello Monster ဆိုတဲ့ ဇာတ်ကားထဲမှာပါဝင်ခဲ့သလို မကြာသေးခင်ကလည်း Itaewon Class နောက်ဆုံးပိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရပါသေးတယ်။

CeleNow