တောင်ကိုရီးယားအဆိုတော် Nana ကတော့ After School ဆိုတဲ့ girl group ရဲ့ အဖွဲ့ဝင် တစ်ယောက်ပါ။ အခုဆိုရင်တော့ သူမဟာ ဇာတ်ကားသစ်တစ်ခုမှာ ခေါင်းဆောင်မင်းသမီးနေရာက ပါဝင်ထားပါတယ်။ ဒီကားဟာ သူမရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ခွင့်ရတဲ့ ပွဲဦးထွက်ဇာတ်ကားပါ။ ဂီတလောကမှာ အနုပညာလှုပ်ရှားမှုတွေ လုပ်လာရာကနေ အခုဆိုရင်တော့ သရုပ်ဆောင်ဘက်မှာပါ လှုပ်ရှားလာတာကို တွေ့ရပါတယ်။

အဲ့ဒီဇာတ်ကားရဲ့ နာမည်ကတော့ The Swindlers ပါ။ နိုဝင်ဘာ(၂၂)ရက်မှာ ကိုရီးယားမှာ ပြသမှာပါ။ ဒီကားမှာတော့ တကယ့်နာမည်ကျော်စတားတွေဖြစ်တဲ့ Hyun Bin၊ Yoo Ji Tae တို့ ပါဝင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ Nana က သူမရဲ့ ရင်သားတွေကိုလှစ်ဟပြတဲ့ ဇာတ်ဝင်ခန်းပါတယ်လို့ သိရပါတယ်။ ဒီဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး သူမရဲ့ ခံစားချက်ကိုမေးတဲ့အခါမှာတော့ …

“စိတ်ဖိစီးတာမျိုး လုံးဝမရှိခဲ့ပါဘူး။ ဒီကားရဲ့ ဇာတ်ကောင် Chun Ja ကိုပဲ ကျွန်မခေါင်းထဲမှာထည့်ထားခဲ့တယ်။ သူဆိုရင်တော့ ဇာတ်ကောင်ရဲ့စရိုက်ဖြစ်တဲ့ လူလိမ်တစ်ယောက်ဆိုရင် သူ့ရဲ့လုပ်ငန်းပြီးမြောက်အောင်မြင်ဖို့ ဘာမဆိုသူလုပ်မှာပဲ..” လို့ ပြောခဲ့ပါတယ်။

Nana ဟာ သူမရဲ့ မော်ဒယ်တစ်ယောက်လို လှပတဲ့ body၊ လှပတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးသူတစ်ယောက်ပါ။လှပပြီးစွဲဆောင်မှုရှိတဲ့ body ကြောင့် ပင်ကိုယ် sexy ကျကျ ရုပ်လက္ခဏာကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ koreaboo မှာဖော်ပြထားတာပါ။

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။