တောင်ကိုရီးယားနိုင်ငံမှာဆိုရင် သရုပ်ဆောင်တိုင်းလိုလို မျက်နှာခွဲစိတ်ပြုပြင်နေကြတာ ထုံးစံလိုဖြစ်နေပါတယ်။ တောင်ကိုရီယားနိုင်ငံမှာ လူတွေအများဆုံး ခွဲစိတ်ပြုပြင်တာတွေကတော့ မျက်ရစ်ခွဲစိတ်ပြုပြင်တာတွေ၊ မေးရိုးကို V ပုံစံဖြစ်အောင်ခွဲစိတ်ပြုပြင်တာတွေ၊ နှာတံခွဲစိတ်ပြုပြင်တာတွေ၊ မျက်လုံးကျယ်အောင် ခွဲစိတ်ပြုပြင်တာတွေ၊ နဖူးလှအောင်ခွဲစိတ်ပြုပြင်တာတွေ၊ သွားပြုပြင်တာတွေ ၊ ဆံပင်စိုက်တာတွေ နဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်ပြုပြင်တာတွေထိ လုပ်ကြပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အနုပညာရှင်တွေကတော့ ခွဲစိတ်ပြုပြင်တာတွေ မလုပ်ဘဲ သဘာဝအတိုင်းလှကြတဲ့ အနုပညာရှင်တွေပဲဖြစ်ပါတယ်။

(၁) Song Hye Kyo 

Song Hye Kyo ကတော့ “ဆောင်းဦးရွက်ကြွေ ချစ်သက်သေ” ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေ ရဲ့ပါးစပ်ဖျားထဲ “အွန်စော” ဆိုပြီး စွဲနေခဲ့ကြတာပဲဖြစ်တယ်။ သူမက တောင်ကိုရီးယားနိုင်ငံရဲ့ အလှဆုံးမင်းသမီးစာရင်းထဲမှာ ပါနေသူလည်းဖြစ်ပြီး လတ်တလောကမှ မင်းသားချောလေး Song Joong Ki နဲ့ လက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ်။ သူမ မျက်နှာခွဲစိတ်ထားတာမဟုတ်ကြောင်း ငယ်ငယ်ကပုံလေးတွေနဲ့ ယှဉ်ကြည့်နိုင်ပါတယ်။

(၂)  Kim Tae Hee

Kim Tae Hee က “တစ်ခါတုန်းက တက္ကသိုလ်” ကိုရီးယားဇာတ်လမ်းတွဲကနေ မြန်မာပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့သူလည်းဖြစ်တယ်။ (၂၀၁၇)မှာ နာမည်ကျော် အဆိုတော် Rain နဲ့ လက်ထပ်ခဲ့ပြီး အခုလက်ရှိမှာလည်း ချစ်စရာသမီးလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့အလှက မျက်နှာခွဲစိတ်ပြုပြင်ထားတာမဟုတ်ဘဲ သဘာဝအလှပဲဖြစ်ပါတယ်။

(၃) Song Ji Hyo

Running Man ပရိသတ်တွေကတော့ Song Ji Hyo နဲ့ရင်းနှီးနေပြီးသားဖြစ်မှာပါ။ Song Ji Hyo က ဂျူမုံ ဇာတ်ကားထဲက မင်းသမီးဆိုလည်း မမှားပါဘူး။ Song Ji Hyo ရဲ့အလှကလည်း မွေးရာပါ သဘာဝအလှပဲဖြစ်ပါတယ်။

(၄) Lee Young-ae

Lee Young-ae က ကိုရီးယားနိုင်ငံရဲ့ အလှဆုံးမင်းသမီးထဲကတစ်ယောက်ပဲဖြစ်ပါတယ်။ Lee Young Ae က မြန်မာပရိသတ်တွေနဲ့နန်းတွင်းရတနာ(ချန်ဂင်)ဇာတ်ကားမှာကတည်း ရင်းနှီးလာခဲ့တာပဲဖြစ်တယ်။ သူမရဲ့ သဘာဝအလှကြောင့် နာမည်ကြီးနေခဲ့သူလည်းဖြစ်ပါတယ်။

(၅) Han Ga In

Han Ga In က တောင်ကိုရီယားနိုင်ငံရဲ့ သရုပ်ဆောင် မင်းသမီးပဲဖြစ်တယ်။ သူမရဲ့ နှာတံလှတာကြောင့် နာမည်ကြီးနေခဲ့သူလည်းဖြစ်ပါတယ်။ သူမကလည်း မျက်နှာခွဲစိတ်ပြုပြင်ထားတာတွေမရှိဘဲ သဘာဝလှနေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်တယ်။

(၆) Park Shin-Hye

Park Shin Hye ကတော့ လူငယ်ပရိသတ်တွေကြားမှာ နာမည်ကြီးနေသူလေးပဲဖြစ်တယ်။ သူမက တောင်ကိုရီယားနိုင်ငံရဲ့ နာမည်ကြီးသရုပ်ဆောင် မင်းသမီးတစ်ယောက်ဖြစ်တယ်။ သူမရဲ့ ပင်ကိုအလှကလည်း ခွဲစိတ်ပြုပြင်ထားတာမဟုတ်ပါဘူး။

(၆) Yoona (Girls Generation)

Girls’ Generation အဖွဲ့ဝင်ဖြစ်တဲ့ Yoona ကတော့ သဘာဝအလှကြောင့် နာမည်ကြီးနေသူလည်းဖြစ်တယ်။ သူမက အဆိုတော်လည်းဖြစ်သလို သရုပ်ဆောင် မင်းသမီးလည်း ဖြစ်ပါတယ်။ Yoona ရဲ့ပုံစံကို တောင်ကိုရီယားနိုင်ငံက ယောကျာ်းလေးအများစု ကြိုက်ကြတဲ့ မိန်းကလေးပုံစံပဲဖြစ်ပါတယ်။

(၇) Sandra Park (2NE1)

2NE1 အဖွဲ့က တောင်ကိုရီယားနိုင်ငံမှာသာမက မြန်မာနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကိုပါ တစ်ခဲနက်ပိုင်ဆိုင်ထားတဲ့ အဖွဲ့ပဲဖြစ်တယ်။ ၀မ်းနည်းစွာနဲ့ ပြီးခဲ့တဲ့နှစ်လောက်က 2NE1 အဖွဲ့ဖျက်သိမ်းသွားခဲ့ပါတယ်။ 2NE1 အဖွဲ့ဝင်ဖြစ် တဲ့ Sadra Park ကလည်း သူမရဲ့ သဘာဝအလှကြောင့် နာမည်ကြီးနေခဲ့သူပဲဖြစ်တယ်။

source : newsflashing