၂၁ ရက်နေ့မှာတော့ “ELLE Korea” က မင်းသမီးချော Moon Gayoung နဲ့ အင်တာဗျူး ဗီဒီယိုကို တင်ခဲ့ပါတယ်။ ဒီဗီဒီယိုမှာတော့ fan တွေမေးထားတဲ့မေးခွန်းတွေကို Moon Gayoung က ပြန်ဖြေပေးခဲ့တာပါ။ ပရိတ်သတ်တွေစိတ်အ၀င်စားဆုံးမေးခွန်းဖြစ်တဲ့ drama တွဲရိုက်ခဲ့တဲ့ မင်းသားတွေထဲက သူ့စိတ်ကြိုက် ဘယ်သူ့ကိုရွေးမလဲဆိုတဲ့ မေးခွန်းကိုလည်း ဖြေပေးခဲ့ပါသေးတယ်။ ဒီအကြောင်းကိုတော့ kstarlive မှာဖော်ပြထားတာပါ။
View this post on Instagram
Fan တွေကတော့ Moon Gayoung ကို “Find Me in Your Memory” ထဲမှာ Jung Hoon အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kim Dongwook , ‘Welcome to Waikiki 2,’ ထဲမှာ ‘Wooshik’ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kim Seonho , ‘True Beauty.’ ထဲမှာ Suho အဖြစ်သရုပ်ဆောင်ခဲ့တ Cha Eunwoo , Seojun အဖြစ်သရုပ်ဆောင်ခဲ့တ Hwang Inyeop တို့ထဲက ဆိုရင် ဘယ်သူ့ကိုရွေးမလဲဆိုပြီးမေးခဲ့တာပါ။

Moon Gayoung ကတော့ မေးခွန်းကိုဖတ်ပြီး ခဏစဉ်းစားပြီးတာနဲ့ “ကျမကတော့ သ၀န်တိုတတ်တဲ့သူကိုရွေးချယ်တာအကောင်းဆုံးလို့ထင်တာပဲ။ ဒီလိုလူမျိုးက အချစ်ရေးကို ရေရှည်မြဲစေမှာလေ” “Kim Seonho သရုပ်ဆောင်ခဲ့တဲ့ Wooshik ဇာတ်ကောင်က အဲ့လိုလူမျိုးဆိုတော့ Wooshik ကိုပဲရွေးလိုက်တော့မယ်” ဆိုပြီးပြန်ဖြေခဲ့ပါတယ်
View this post on Instagram
Video အစအဆုံးကိုတော့ ဒီမှာကြည့်ရှုလို့ရပါတယ်…
ပရိတ်သတ်ကြီးဆိုရင်ရော ဘယ်သူ့ကိုရွေးမလဲ ….
#CELENOW