MONSTA Xအဖွဲ့ဟာ နိုဝင်ဘာလ (၁၄)ရက်နေ့မှာ ပြုလုပ်တဲ့ ‘The Show’ အစီအစဉ်မှာ သူတို့ရဲ့ သီချင်းအသစ်ဖြစ်တဲ့ “DRAMARAMA” သီချင်းနဲ့ ဆုရရှိခဲ့ပြီဖြစ်ပါတယ်။

MONSTA X အဖွဲ့ဟာဆိုရင်တော့ ၂၀၁၅ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး ဒီဆုကတော့ သူတို့အတွက် ပထမဆုံးအကြိမ်အနေနဲ့ ‘The Show’ မှာရတဲ့ ဆုဆိုလည်း မမှားပါဘူး။

ဒီ “DRAMARAMA” သီချင်းအသစ်အတွက် တော်တော်ကို အပင်ပန်းခံ ကြိုးစားခဲ့ကြတဲ့ MONSTA X အဖွဲ့ကတော့ ‘The Show’ စင်ပေါ်မှာ သူတို့ရဲ့ ပထမဆုံး “music show” ဆုအတွက် ၀မ်းသာလွန်းပြီး အဖွဲ့ဝင်အားလုံး ၀မ်းသာမျက်ရည်ကျခဲ့ကြပါတယ်။

ထူးခြားတဲ့ သီချင်းပုံစံ၊ အင်အားပြည့်ဝတဲ့ အကတွေနဲ့ ပေါင်းစပ်ထားတဲ့  MONSTA X ရဲ့ “DRAMARAMA“သီချင်းကို နားထောင်ဖြစ်အောင် နားထောင်ကြဖို့ celenow ပရိသတ်ကြီးကိုလည်း ညွှန်းလိုက်ပါတယ်နော်။

Source: Allkpop

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။