TIME မဂ္ဂဇင်းပနေထုတ်ပြန်တဲ့ သြဇာအလွှမ်းမိုးဆုံးဆယ်ကျော်သက်အယောက်၃၀မှာ ကပြား ကိုရီးယားမော်ဒယ်တစ်ဦးဖြစ်တဲ့ Han Hyun Min လဲပါဝင်ခဲ့ပါတယ်။

Han Hyun Minဟာ အသက်၁၆နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ရဲ့အမေကတော့ ကိုရီးယားဖြစ်ပြီး အဖေက နိုင်ဂျီးရီးယားလူမျိုးဖြစ်ပါတယ်။သူ့ရဲ့ကလေးဘ၀တစ်လျှောက်လုံး လူမျိုးခွဲခြားမှုတွေကြုံခဲ့ရတဲ့ Han Hyun Minဟာ အခုဆိုရင်တော့ ကိုရီးယားမှာသာမက အမေရိကားမှာပါ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်နေပါပြီ။

အရင်ကလည်း Han Hyun Minဟာ သူ့ရဲ့အသားအရေကြောင့် မော်ဒယ်ဖြစ်ဖို့ အခွင့်အရေးတွေကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။

ဒါပေမဲ့လည်း သူInstagram မှာတင်ထားတဲ့ပုံတွေကို လူတစ်ယောက်ကတွေ့ပြီး မော်ဒယ်လုပ်ဖို့ ကမ်းလှမ်းခြင်းကို ခံခဲ့ရပါတယ်။

အခုအချိန်မှာတော့ Han Hyun Minဟာ ဓါတ်ပုံရှုတင်ပေါင်းများစွာနဲ့ မော်ဒယ်ရှိုးပေါင်း ၂၀ကျော်မှာ ပါဝင်လျက်ရှိပါတယ်။ Seoul Fashion Week အတွင်းမှာလည်း သူဟာ လူပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်ခဲ့ ပါတယ်။

အလှအပနဲ့ပတ်သတ်ပြီး အမြင်ကျဉ်းတဲ့ ကိုရီယားမှာ မော်ဒယ်လုပ်နေတဲ့အခြားသူတွေကိုလည်း သူ့ကိုကြည့်ပြီးတော့ စိတ်ခွန်အားနဲ့ မျှော်လင့်ချက်တွေရစေချင်တယ်လို့ပြောခဲ့ပါတယ်။

ဆွဲဆောင်မှုအားကောင်းတဲ့မျက်နာကို ပိုင်ဆိုင်ထားတဲ့Han Hyun Minဟာ အရပ်၁၁၈စင်တီိမီတာရှိပါတယ်။အခုဆိုရင်တော့ မိန်းကလေးပရိသတ်တွေအများကြီးလည်း ရနေပြီဖြစ်ပါတယ်။

Han Hyun Minနဲ့အတူ David Beckhamရဲ့သား Brooklyn Beckham၊Will Smithရဲ့သမီး  Willow နဲ့သား Jaden တို့လည်း  TIME မဂ္ဂဇင်းရဲ့ သြဇာအလွှမ်းမိုးဆုံးဆယ်ကျော်သက်အယောက်၃၀မှာပါဝင်ခဲ့ပါတယ်။

Source: Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။