အမေရိကန်-ကနေဒီယန် Critics Choice Association (CCA) ရဲ့ ၂၆ ကြိမ် မြောက် Critics Choice Awards ကို တော့ ၂၀၂၁ ခုနှစ် မတ်လ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မှာပါ။“Minari” ဆိုတဲ့ ဇာတ်ကားက တော့ ဒီဆုပေးပွဲမှာ ဆု အမျိုးအစားပေါင်း(၁၀)ဆု အတွက် ဆန် ခါ တင်စာရင်း ၀င်ထားပါတယ်။ ဖေဖော် ၀ါရီ ၈ ရက်နေ့မှာတော့ Critics Choice Association ကေ န“Minari” အနေနဲ့ Best Picture, Best Actor (Steven Yeun)၊ Best Supporting Actress (Youn Yuh Jung)၊Best Young Actor/Actress (Alan Kim)၊ Best Acting Ensemble, Best Director ဆု အတွက် Lee Isaac Chung, Best Original Screenplay အတွက် Lee Isaac Chung, Best Cinematography အတွက် Lachlan Milne, Best Foreign Language Film, Best Score အတွက် Emile Mosseri.. ဆု တွေကို ဆန်ခါ တင် ရွေးချယ် ခံထားရတယ်လို့ ဖော်ပြခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ Soompi မှာ ဖော်ပြထားတာပါ။

 

View this post on Instagram

 

A post shared by Steven Yeun (@steveyeun)

“Minari”က တော့ ဆု အများဆုံး ဆန်ခါ တင် စာရင်းဝင် တဲ့ ဒုတိယ မြောက် ဇာတ်ကားပါ။ပထမ ဇာတ်ကားက တော့ David Fincher ရဲ့  “Mank,” ဖြစ်ပြီး ဆု ပေါင်း ၁၂ ဆု ဆန်ခါ တင်စာရင်း ၀င်ခဲ့ပါတယ်။ဖေဖော်ဝါရီ ၃ ရက်နေ့ အစောပိုင်း တုန်း က ရွှေကမ္ဘာလုံးဆု Golden Globe မှာ Best Motion Picture – Foreign Language ဆု ဆန်ခါ တင် စာရင်းဝင်ခဲ့ပါ သေးတယ်။၂၇ ကြိမ် မြောက် Screen Actor Guild (SAG) Awards အတွက် လည်း ဆု (၃) ဆု ဆန် ခါ တင် စာရင်းဝင်ခဲ့ပါတယ်။ “Minari” ဇာတ်ကားရဲ့ အောင်မြင်မှု က တော့ တကယ့်ကို ကြောက် ခမ်း လိလိပါ။

 

View this post on Instagram

 

A post shared by A24 (@a24)

အခု လည်း Critics Choice Awards အတွက် ဆု ၁၀ ဆု ဆန်ခါ တင်စာရင်းဝင်ခဲ့ပါတယ်။ဒီလို မျိုး ဆန်ခါတင်စာရင်းဝင်မှု က Academy Awards အတွက် လည်း ကောင်းတဲ့ သက်ရောက်မှု တွေ ရှိလာနိုင်ပါတယ်။အောင်မြင်မှုတွေ အများကြီး ရနေတဲ့  “Minari” ကို တော့ ဒါရိုက်တာ Lee Isaac Chung က ရိုက်ကူး တာပါ။ပါဝင်ထားတဲ့ သရုပ် ဆောင် တွေ က တော့ Steven Yeun, Han Ye Ri, Alan Kim, Noel Kate Cho, Youn Yuh Jung,  Will Patton တို့ ပါ။ဒါရိုက်တာ ရဲ့ တကယ့် ဖြစ်ရပ် မှန် အတွေ့ အကြုံ တွေကို အခြေခံ ထားတာပါ။ဒီဇာတ်ကားက တော့ ၁၉၈၀ ခုနှစ် လောက် တွေ တုန်းက အမေရိကန် ကို  ပြောင်းရွှေ့ ဘ၀ သစ် စဖို့ ကြိုးစားတဲ့ တောင်ကိုရီးယား ရွှေ့ ပြောင်းလုပ်သား မိသားစု အကြောင်းပါ။

 

View this post on Instagram

 

A post shared by Steven Yeun (@steveyeun)

#CELENOW