လူသိပ်မသိတဲ့ Jeongyun ဆိုတဲ့ မော်ဒယ်မလေးဟာ Jun Ji Hyun ဆိုတဲ့ နာမည်နဲ့ မော်ဒယ်လောကထဲမှာ Fitting မော်ဒယ်တစ်ယောက်အဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။ Fitting မော်ဒယ်ဆိုတာကတော့ ဒီဇိုင်နာတွေ အင်္ကျီချုပ်တဲ့ အချိန်မှာ သင့်တော်တဲ့အချိုးအစားရဖို့အတွက် အသုံးပြုတဲ့ သက်ရှိအရုပ်လို ပုံစံမျိုးပါပဲ။

အရပ် (၁၆၈) စင်တီမီတာ (၅ ပေ ၅ လက်မ) ရှိပြီး ကိုယ်အလေးချိန် ၄၉ကီလိုဂရမ် (၁၀၈ ပေါင်)ရှိတဲ့ Jeongyunဟာ ဘယ်လိုပုံစံအမျိုးအစားပဲဝတ်ဝတ် ကြည့်လို့ကောင်းနေတာ တွေ့ရမှာပါ။

ဖက်ရှင်မဂ္ဂဇင်းတစ်ခုမှာပါဝင်တဲ့ မင်္ဂလာဆောင်ဝတ်စုံနဲ့ ဓါတ်ပုံလေးကနေတစ်ဆင့် Jeongyunရဲ့ ကျော်ကြားမှုဟာ တဟုန်တိုး မြင့်တက်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ Jeongyunရဲ့ ခန္ဓာကိုယ်အချိုးအစားဟာ ဘုရားပေးတဲ့လက်ဆောင်ပဲ၊ ဘာလို့အဲ့လောက်တောင် လှရတာလဲဆိုပြီး ချီးကျူးမဆုံးဖြစ်နေပါတယ်။ သူရဲ့ Instagram ကတော့ @joengyun ဖြစ်ပါတယ်။

Source:Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။