ကိုရီးယား  Business Research Institute  ကနေ မတ်လအတွက် ထိပ်တန်း ဒရမ်မာ အနုပညာရှင်စာရင်းကို ကြေညာလိုက်ပါတယ်။ ဒီစာရင်းထဲမှာတော့ ဖေဖော်ဝါရီ (၂) မှ မတ်(၃) ရက်နေ့အတွင်း ထုတ်လွှင့်ပြသခဲ့တဲ့ ဒရမ်မာ ဇာတ်ကားတွေထဲက အနုပညာရှင်တွေ ထဲကမှ သရုပ်ဆောင် (၁၀၀) ကို ရွေးချယ်ဖော်ပြထားတာပါ။မင်းသမီး Kim Nam Joo ကတော့ မတ်လစာရင်းရဲ့ ထိပ်တန်းမှာ ပါဝင်ခဲ့ပြီး Lee Seung Gi ကတော့ နံပါတ်နှစ်နေရာမှာ ရှိနေ ပါတယ်။

(1)Kim Nam Joo

သူမကတော့ JTBC ရဲ့  “Misty,” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ရင်း မတ်လရဲ့ ထိပ်တန်းစာရင်းမှာ ပါလာတာပါ။.

(2)Lee Seung Gi

မတ်လ(၄)ရက်နေ့က နောက်ဆုံးပိုင်းထုတ်လွှင့်ပြသခဲ့တဲ့ “Hwayugi” ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့ပါတယ်။

(3)Kim Sun Ah

မင်းသမီး Kim Sun Ah ကတော့ ဖေဖော်ဝါရီ နှောင်းပိုင်းမှာ စတင်ထုတ်လွှင့်ပြသခဲ့တဲ့ “Should We Kiss First”  ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားသူပါ။

(4)Kam Woo Sung

Kim Sun Ah ရဲ့ တွဲဖက်သရုပ်ဆောင်မင်းသား Kam Woo Sung ကလည်း ဒီစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

(5)Park Jin Hee

Park Jin Hee ကတော့ SBS ရဲ့ “Return,” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။

(6)Oh Yeon Seo

(7)Shin Hye Sun

(8)Shin So Yul

(9)Kim Myung Min

(10)Highlight’s Yoon Doojoon

from soompi