Mamamoo အဖွဲ့က Solar ဟာ Mamamoo အဖွဲ့အစပြုပုံ၊ အဖွဲ့တစ်ခုလုံးအနေနဲ့ အဦးဆုံးဖျော်ဖြေတင်ဆက်မှုတွေအကြောင်း မကြာသေးခင်က ပြောပြခဲ့တာကို koreaboo သတင်းအရ သိရပါတယ်။ ရှိုးအတွက် အရင်ဆုံးပြင်ဆင်တဲ့အချိန်မှာ Mamamoo အပါအဝင် အဆိုရှင်အဖွဲ့တွေကို အသီးသီးလာအားပေးကြတဲ့ပရိသတ်တွေအကုန်လုံး ဟာ ခန်းမထဲတစ်ပြိုင်တည်းဝင်ရတာပါ။
View this post on Instagram
ဝမ်းနည်းစရာကောင်းတာက ပရိသတ်ထဲမှာ Mamamoo ပရိသတ်တစ်ယောက်မှမရှိခဲ့ပါဘူး။ အတိအကျပြောရမယ်ဆိုရင်တော့ အစပိုင်းမှာ Mamamoo ပရိသတ်ဟာ သုံးဦးသာရှိခဲ့ပါတယ်။ နှစ်ဦးက Moonbyul ရဲ့ ညီမတွေဖြစ်ပြီး တစ်ဦးကတော့ Wheein ရဲ့သူငယ်ချင်းပဲဖြစ်ပါတယ်။
“ကျွန်မတို့ ပထမဆုံးရုပ်သံလွှင့်တုန်းက ဘယ်သူမှမလာဘူး။ နောက်ပွဲကျတော့ လူသုံးယောက်လာတယ်။ ကျွန်မတို့ အရမ်းပျော်ပါတယ်။ သူတို့ရှိနေတော့ စိတ်လှုပ်ရှားတာပေါ့။” လို့ Solar က ပြောပြပါတယ်။ Solar က အခုလို ပရိသတ်သုံးဦးမတိုင်ခင်ကလည်း ပွဲထဲမှာ ပရိသတ်တစ်ဦးမှမရှိတဲ့အချိန်တောင် ကြုံခဲ့ရဖူးကြောင်းလည်း ဖွင့်ပြောခဲ့ပါတယ်။
View this post on Instagram
Mr. Ambiguous တေးသီချင်းထွက်လာအပြီး Mamamoo ပရိသတ်တွေဟာ တဖြည်းဖြည်း များပြားလာခဲ့တာပါ။ HIP သီချင်းကို promote လုပ်တဲ့အခါမှာတော့ ပရိသတ်တွေဟာ သိသိသာသာ ထပ်မံများပြားလာခဲ့ပါတယ်။ အခုဆိုရင်တော့ ဖျော်ဖြေပွဲတွေလုပ်တိုင်း MooMoo တွေရဲ့ အားပေးသံတွေညံနေခဲ့ပါပြီ။ Solar ကတော့ သူမတို့အဖွဲ့ဟာ အားပေးသူပရိသတ်တစ်ယောက်မှ မရှိတဲ့အချိန်ကစလို့ အခုလိုအောင်မြင်လာတဲ့အထိ ကြုံတွေ့ခဲ့ရပုံတွေကို ရိုးသားစွာနဲ့ ပြောပြသွားခဲ့တာဖြစ်ပါတယ်။
View this post on Instagram
CeleNow