ကိုရီးယားနာမည်ကြီး ဇာတ်လမ်းတွဲတွေ အများကြီးရှိပါတယ်။ ဇာတ်လမ်းတွဲတစ်ခု အောင်မြင်လိုက်ပြီ ဆိုတာနဲ့ အဲ့ဒီဇာတ် ကားမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကလည်း ပရိသတ်တခဲနက် အားပေးမှုကို ရပြီး ၀က်ဝက်ကွဲ အောင်မြင်ခဲ့ ကြပါတ ယ်။ ကိုရီးယားရဲ့ တစ်ချို့နာမည်ကြီး ဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကားတစ်ချို့မှာ ပါဝင်တဲ့ အဓိကသရုပ်ဆောင် မင်းသားတွေဟာ ဒီကားအတွက် မင်းသားအဖြစ် အရင်ဆုံး ရွေးချယ်ခံခဲ့ရသူတွေ မဟုတ်ပါဘူး။ တခြားမင်းသားတွေကို ကမ်းလှမ်းပြီး အဲ့ဒီ လူတွေက ငြင်းပယ်မှုကြောင့် သူတို့နဲ့ ရိုက်ဖြစ်ခဲ့ပါတယ်။ ကံကြမ္မာအလှည့် အပြောင်းကြောင့် မူလရည်ရွယ်ထားတဲ့ မင်းသားနဲ့ မရိုက်ဖြစ်ခဲ့ပဲ ဇာတ်လိုက်မင်းသားနေရာ အပြောင်းအလဲ ဖြစ်ခဲ့တဲ့ ဇာတ်ကား တွေကတော့…..

1. Gong Yoo vs. Song Joong Ki

Descendants of the Sun  ဇာတ်ကားကတော့ အာရှမှာ အရမ်းကို အောင်မြင်ခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲပါ။ ဒါပေမယ့် ဒီကားရဲ့ Captain Yoo Si Jin ဇာတ်ကောင်နေရာကို တကယ်ရည်ရွယ်ခဲ့တဲ့ မင်းသားက ဆောင်ဂျွန်ကီ မဟုတ်ပါဘူး။ Gong Yoo  ကို Captain Yoo Si Jin ဇာတ်ကောင်နေရာအတွက် ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြည်ပမှာ အချိန်အကြာကြီး ရိုက်ကူးရမှာဖြစ်တာရယ်၊ စစ်သားဇာတ်ကောင်အတွက် ဆံပင်အတို ဖြစ်ရမှာရယ်..အစရှိတဲ့ အချက်တွေကြောင့် Gong Yo ဘက်က လက်ခံဖို့ ခက်ခဲခဲ့ပါတယ်။ Won Bin, Jo In Sung, နဲ့  Kim Woo Bin တို့ကိုလည်း ဒီဇာတ်ကောင်အတွက် ကမ်းလှမ်းခဲ့ပါသေးတယ်။အားလုံးက ငြင်းပယ်ခဲ့ပြီး နောက်ဆုံး ကျမှ ဆောင်ဂျွန်ကီဆီကို ရောက်လာခဲ့တာပါ။

2. Won Bin vs. Ha Jung Woo

“Along with the Gods: The Two Worlds” ဇာတ်ကားကလည်း အရမ်းကို နာမည်ကြီးခဲ့တဲ့ ဇာတ်ကားပါ။ ဒီကားမှာ ပါဝင်တဲ့ Gangrim  ရဲ့နေရာအတွက် Won Bi ၊Gong Yoo, Kim Woo Bin တို့ထဲက တစ်ယောက်ယောက်နဲ့ ရိုက်ဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် Won Bin  က စိတ်ကူးယဉ်ဇာတ်ကားမျိုးထက် တည်ငြိမ်တဲ့ ဇာတ်ကား မျိုးနဲ့ ပိတ်ကားထက်ကို ပြန်လာချင်လို့ ဒီကားမှာ ပါဝင်ဖို့ ငြင်းပယ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ Ha Jung Woo ကို ရွေးချယ်ခဲ့ပါတယ်။ဒီဇာတ်ကားဟာ(၂၀၁၈) အတွက် ကြည့်ရှုသူ (၁၀)သန်းအထိ ရှိခဲ့တဲ့ ပထမဆုံး ဇာတ်ကား ဖြစ်လာ ခဲ့ပါတယ်။

3. Park Bo Gum vs. Lee Seung Gi

Korean Odyssey ဇာတ်ကားကတော့ စစ်မှုထမ်းပြီးပြန်လာတဲ့ Lee Seung Gi ရဲ့ ပထမဆုံး ဇာတ်ကားပါ။ Lee Seung Gi  ကို တကျော့ပြန်လည် အောင်မြင်စေခဲ့တဲ့ ဇာတ်ကားပါ။ဒါပေမယ့် ဒီကားထဲက  Son Oh Gong ဇာတ်ကောင်နေရာအတွက် Lee Seung Gi ကို အရင်ရည်ရွယ်တာမဟုတ်ပါဘူး။အရင်ဆုံး Park Bo Gum ကို ကမ်းလှမ်းခဲ့တာပါ။ဒါပေမယ့် Park Bo Gum က ငြင်းလိုက်လို့ Lee Seung Gi  နဲ့ ရိုက်ဖြစ်ခဲ့တာပါ။အောင်မြင်တဲ့ ဇာတ်ကားဖြစ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ production ၀န်ထမ်းတစ်ယောက် ရိုက်ကွင်းမှာ ဒဏ်ရာရခဲ့တဲ့ ကိစ္စ ဖြစ်ပေါ် လာတော့ ကြည့်ရှုသူတွေကြား အငြင်းပွားစရာတွေဖြစ်ခဲ့ပြီး ကြည့်ရှုနှုန်း သိသိသာသာကျခဲ့ပါတယ်။

4. Kim Soo Hyun vs. Yoo Ah In

 

Kim Soo Hyun ကို “The Throne” ဇာတ်ကားကတော့  အိမ်ရှေ့မင်းသား Sado ရဲ့ နေရာအတွက် ရည်စူးခဲ့ တာပါ။Kim Soo Hyun က ငြင်းလိုက်မှ မင်းသား Yoo Ah In နဲ့ ရိုက်ဖြစ်သွားတာပါ။ ရုံတင်ပြသချိန်မှာတော့ အောင်မြင် ခဲ့တဲ့ ဇာတ်ကားကောင်းပါ။

5. Song Joong Ki vs. Joo Ji Hoon

Kingdom ကတော့  Netflix ရဲ့ ဒုတိယမြောက် Korean original series ဖြစ်လာမှာပါ။ သမိုင်းရာဇ၀င် ဇွန်ဘီ ဇာတ်ကား အတွက် မင်းသားဆောင်ဂျွန်ကီကို ခေါင်းဆောင်မင်းသားနေရာအတွက် ကမ်းလှမ်းဆွေးနွေးခဲ့ပါတယ်။ ဒါပေမယ့် ဆောင်ဂျွန်ကီက မင်္ဂလာပွဲ အတွက် အလုပ်တွေ ရှုပ်နေလို့ အချိန်မရတဲ့ အတွက်  ငြင်းပယ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Joo Ji Hoon  ကလက်ခံခဲ့ပါတယ်။

Source koreaboo