EXO ရဲ့ အဖွဲ့ဝင်ဟောင်းတွေဖြစ်တဲ့ Kris နဲ့ Luhanတို့ဟာ China Film New Powerဖိုရမ်ကို အတူတူတက်ရောက်ခဲ့ပါတယ်။ အဒီပွဲကဟာ သာမန်ပွဲတစ်ပွဲ ဖြစ်သော်ငြားလည်း သူတို့နှစ်ယောက်အတူ တက်ရောက်ခဲ့ကြတဲ့ ပွဲတစ်ပွဲဖြစ်လို့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို ခံနေရပါတယ်။

ဒီပွဲကိုတော့ တရုတ်နိုင်ငံ ဟွမ်ကျိုးမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာဆိုရင်တော့ Kris နဲ့ Luhanတို့ဟာတော်တော်ကို နီးနီးကပ်ကပ်ထိုင်နေကြတာကို တွေရမှာပါ။

 

Kris နဲ့ Luhanတို့ကို အခုလိုအတူတူ မတွေ့ရတာတော်တော်ကို ကြာပြီဖြစ်ပါတယ်။ သူတို့ဟာ ၂၀၁၄ခုနှစ်မှာ EXO ကနေထွက်ခဲ့ကြပြီး ကိုယ်ပိုင်အနုပညာလှုပ်ရှားမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ Kris နဲ့ Luhanတို့ဟာ SM Entertainment နဲ့  ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်လို့ အခုချိန်မှာဆိုရင်တော့ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

Source:Koreaboo

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။