Look Out ဇာတ်ကားထဲမှာပါဝင်တဲ့ ကိုယ်ဝန် ၈လရှိပြီဖြစ်တဲ့ မင်းသမီး Lee Si Youngဟာ KBS 2TVကနေထုတ်လွှင့်တဲ့  “Swan Club”ဆိုတဲ့အစီအစဉ်ကို မင်းသမီး Oh Yoon Ahနဲ့ အတူ ညစာစားဖို့အတွက်ရောက်လာခဲ့ပါတယ်။

သူတို့နှစ်ယောက် စတွေတဲ့ အချိန်မှာ မင်းသမီး Oh Yoon Ahက “နင့်ဗိုက်က ဘာလို့ မထွက်လာသေးတာလဲ”လို့မေးပြီး သူမှာပါတဲ့လက်ဆောင်ကို Lee Si Youngကို ပေးလိုက်ပါတယ်။ ပြီးတာနဲ့ သူတို့နှစ်ယောက်ဟာ ကိုယ်ဝန်ဆောင်တာ၊မီးဖွားတာတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို စပြီပြောပါတော့တယ်။

Lee Si Youngဟာ ဇူလိုင်လမှာ သူကိုယ်ဝန်ရှိနေတဲ့ အကြောင်းနဲ့ သူရဲ့ လက်ထပ်ပွဲအကြောင်းကို ပရိသတ်ကို တရားဝင်ထုတ်ပြောခဲ့ပါတယ်။ Lee Si Youngဟာ သူကိုယ်ဝန်ရှိနေတာကို Look Out  ဒရာမာရိုက်နေတဲ့ အချိန်မှာ သတိမထားမိခဲ့ဘူးလို့ ဒီအစီစဉ်မှာပြောပြခဲ့ပါတယ်။ “ဗိုက်ကိုတောင် အပစ်ခံခဲ့ရသေးတယ်။နောက်စစ်ဆေးကြည့် ကလေးရဲ့ မျက်နာရှိတဲ့နေရာဖြစ်နေတယ်။ကံကောင်းလို့ ကလေးတော့ ဘာမှမဖြစ်ဘူး”လို့ ပြောပြခဲ့ပါတယ်။

Source: Soompi

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။