Lee Seunggi ကတော့ A Korean Odyssey ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်ရှေ့မှောက်ကို ပြန်ရောက်လာပြီးေ အာင်မြင်မှုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့သူပါ။စစ်မှုထမ်းပြီးနောက်မှာတော့ အရင်တုန်းကထက် သိသိသာသာ ပိုပြီး ယော က်ျားပီသလာခဲ့ပြီး အားပေးတဲ့ ပရိသတ်လည်း ပိုများလာခဲ့တာကို တွေ့ရပါတယ်။

 

မကြာသေးမီက JTBC ရဲ့ Ask Us Anything,’  ဆိုတဲ့ အစီအစဉ်မှာ Lee Seunggi ပါဝင်ခဲ့ပါတယ်။အဲ့ဒီ မှာပဲ လူရိုးလေး Lee Seunggi  ရဲ့ မရိုးသားတဲ့ တစ်ချို့ အကြောင်းအရာတွေ ပေါ်ခဲ့ပါတယ်။အပြာကားတွေကို နှစ်ည စာအတွက် အမေရိ ကန်ဒေါ်လာ (၂၀၀)ကျော် အကုန်အကျခံခဲ့တဲ့ အကြောင်းပါ။ဒီအကြောင်းနဲ့ပတ်သက်ပြီး .” ကျတော် အဖွဲ့ နဲ့ ကျ တော် အပန်းဖြေဖို့ အခန်းတွေကို check in လုပ်တယ်။အဲ့ဒီမှာပဲ အခန်းထဲမှာ TV အတွက် Remote တစ်ခု တည်း ရှိတာ၊ Air Corn နဲ့ အရာအားလုံးကို ကျတော် သတိထားမိခဲ့တယ်..ဘာလို့ လဲ ဆိုတော့ ကျတော်တို့က တခြား လုပ်စရာ မရှိဘူးလေ..TV ကိုဖွင့်လိုက်တော့ channels တွေရဲ့ Column နှစ်ခု ပေါ်လာ တယ်.တစ်ခုက အဖြူ နောက်တစ်ခု က အနီ..Channel တွေကို ဖွင့်ကြည့်တော့ အနီတွေက လူကြီးကား(အပြာကား) တွေဖြစ်နေတယ်..” လို့ ပြောခဲ့ပါတယ်။

စူးစမ်းချင်တဲ့ စိတ်ကြောင့် အပြာကား Channel တွေကို Remote နဲ့ ဆတ်ခနဲဖွင့်ပိတ်၊အပြောင်း အလဲ လုပ်ခဲ့တယ် လို့ ၀န်ခံခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ resort ကနေ Check out လုပ်တော့ အပြာရုပ်ရှင်ကားအတွက်ပါ အဖိုး အခ အဖြစ် ကန်ဒေါ်လာ (၂၀၀)ကျော်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။အဲ့ဒီမှာပဲ စာရေးဆရာက သူ့ကို “Channel ဘယ် လောက်များများ ကြည့်ခဲ့လဲ ဆိုပြီး မေးခဲ့တယ်..ပြောင်းလိုက်တဲ့ Channel အရေအတွက် အလိုက် အဖိုးအခ (Charge) ပေးခဲ့ရတယ်..” လို့ ပြောခဲ့ပါတယ်။Lee Seunggi  ကတော့ အပြာကား Channel လိုင်းတွေ ကို စူးစမ်း လိုစိတ်နဲ့ Remote နဲ့ ဖျက်ခနဲ အဖွင့် အပိတ် အပြောင်းအလဲ လုပ်ရုံပဲ လို့ ပြောခဲ့ပေမယ့် အပြာကား Channel တွေကို ကြည့်တဲ့ နှစ်ညစာအတွက် ဒေါ်လာ (၂၀၀)ကျော်ပေးဆောင်ခဲ့ရပါတယ်။

Source kstarlive