လီမင်ဟိုကတော့ ဆံပင်တို ညှပ်လိုက်ပါပြီ။စစ်ဘက်ဆိုင်ရာ အခြေခံလေ့ကျင့်မှုတွေ ခံယူဖို့ Camp ၀င်ရတော့ မှာ ဖြစ်တဲ့ အတွက် ဆံပင်ညှပ်လိုက်တာပါ။လီမင်ဟိုကတော့ ကတုံးဆံပင်ကေနဲ့တောင်မှ လုံးဝ လန်းနေ၊ချောနေတုန်းပါ။

မတ်(၁၅)ရက်နေ့တုန်းက သူ့ရဲ့ IG ပေါ်မှာ ဆံပင်စတိုင်သစ်နဲ့ ပုံတွေကို တင်ခဲ့ပါတယ်။လီမင်ဟိုကတော့ အခြေခံ စစ် ရေး လေ့ကျင့်သင်ကြားမှုတွေကို မတ်(၁၅)ကစပြီး ခံယူသွားမှာပါ။Choongnam Nonsan  training camp မှာ သင်ယူသွားမှာပါ။အခြေခံစစ်ရေးလေ့ကျင့်မှုတွေကတော့ တစ်ချို့သတင်းတွေမှာ (၄)ပတ်၊တစ်ချို့သတင်းတွေမှာ (၅) ပတ်ကြာ ခံယူမယ်ဆိုပြီး ဖော်ပြထားပါတယ်။လူမှုဝန်ထမ်းအဖြစ် (၁၀)လကြာ တာဝန်ထမ်းဆောင် နေတဲ့ လီမင်ဟို အတွက်ကတော့ ဒါဟာ ပထမဆုံးအကြိမ် အခြေခံစစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေး သင်တန်းကို တက်ရောက်တာပါ။

လီမင်ဟိုကတော့ (၂၀၁၇)ခုနှစ် မေလ (၁၂)ရက်နေ့ကစပြီး စစ်မှု ထမ်းတာဝန်တွေကို စတင်ထမ်းဆောင်ခဲ့တာပါ။ ဆိုးလ်မှာရှိတဲ့ Gangnam ရုံးမှာသွားပြီး လူမှုဝန်ထမ်းအဖြစ်နဲ့ တာဝန် ထမ်းဆောင်တာပါ။တခြားသူတွေလို အခြေခံ စစ်ဖက်ဆိုင်ရာ လေ့ကျင့်ရေး Camp ကို အရင်ဝင်တာမျိုး မဟုတ်ဘဲ လူမှုဝန်ထမ်းတာဝန်ကို စတင် တာဝန်ထမ်းဆောင်ခဲ့တာပါ။

လီမင်ဟိုဟာ(၂၀၀၆)တုန်းက ယာဉ်မတော်တဆမှုတစ်ခုကြောင့် ပေါင်နဲ့ခြေကျင်းဝတ် အရိုးကျိုးသွားခဲ့ပါ တယ်။ (၂၀၁၁) မှာလည်း နောက်ထပ်ယာဉ်မတော်တဆမှုနဲ့ ကြုံပြီး ဒဏ်ရာ တွေ ရခဲ့ဖူးပါတယ်။အဲ့ဒီအချိန်တွေက သူ ရခဲ့တဲ့ဒဏ်တွေကြောင့် တခြားသူတွေလို စစ်သားအဖြစ်မဟုတ်ဘဲ လူမှု ၀န်ထမ်း အဖြစ်ပဲ တာဝန်ထမ်းဆောင်နိုင်ခဲ့ တာပါ။

#လီမင်ဟိုကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် အလွမ်းပြေဗီဒီယိုဖိုင်

source kstarlive