တောင်ကိုရီးယားမင်းသားချော Lee Min Ho ကတော့ F4 ဇာတ်လမ်းတွဲ ဇာတ်ကောင် ဂူဂျွန်ဖြိုးဆိုတဲ့ နာမည်နဲ့ မြန်မာပရိတ်သတ်တွေ ရင်ထဲကို ရောက်ရှိခဲ့သူပါ။ အောင်မြင်တဲ့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့ပြီး တောင်ကိုရီးယားရဲ့ အချောဆုံး နဲ့ အအောင်မြင်ဆုံး မင်းသားတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

 

 

View this post on Instagram

 

A post shared by 이민호 leeminho (@actorleeminho) on

 

 

View this post on Instagram

 

A post shared by 이민호 leeminho (@actorleeminho) on

အခုလည်း ပရိတ်သတ်နဲ့ ပိုမိုထိတွေ့မှုရှိနိုင်ဖို့အတွက်  Lee Min Ho က ကိုယ်ပိုင် Youtube အကောင့်တစ်ခု ဖွင့်လိုက်တဲ့အကြောင်းကို Soompi မှာဖော်ပြထားပါတယ်။Octor 30 ရက်နေ့မှာတော့ သူ့ရဲ့ Youtube အကောင့်ဖြစ်ကို  “leeminho film”  လို့နာမည်ပေးပြီးဖွင့်လိုက်တာပါ။

Youtube

ဖွင့်ဖွင့်ချင်းမှာပဲ သူ့ရဲ့ ပထမဆုံး video လေးကိုပါ တင်ထားခဲ့ပါတယ်။ video မှာတော့ ပရိတ်သတ်တွေ တစ်ခါမှမမြင်ဖူးသေးတဲ့ သူ့ရဲ့ video လေးတွေနဲ့ အနုပညာလုပ်ကာစ သူဖြတ်သန်းခဲ့ရတဲ့ ပုံရိပ်တွေကိုပါ ထည့်သွင်းထားခဲ့ပါတယ်။ Video ရဲ့ caption မှာတော့ Executive producer and cteative director : Lee Min Ho ဆိုပြီးရေးထားခဲ့ပါတယ်။ ဒီတော့ သူကိုယ်တိုင် ရိုက်ထားတာတွေကို သူ့ဘာသာပဲ တည်းဖြတ်ပြီးလုပ်ထားတဲ့ video လေးပါ။

Youtube

Video ခေါင်းစဉ်ကိုလည်း “Movielog EP.1” လို့ပေးထားတာကြောင့် နောက်ထက် အပိုင်းဆက်တွေလာမယ်လို့လည်း မျှော်လင့်ရပါတယ်။ ပရိတ်သတ်တွေလည်း Lee Min Ho ကိုယ်တိုင်ရိုက်ထားတဲ့ ဘယ်နေရာမှာမှ မချပြရသေးတဲ့ video လေးတွေကို နောက်ပိုင်းလည်း ကြည့်ရတော့မယ့်ပုံပါပဲ ။

ဒါကတော့ သူ့ရဲ့ Youtube က video လေးပါ …  Lee Min Ho ရဲ့ပရိတ်သတ်ကြီးလည်း သူ့ channel လေးကို subscribe လုပ်လိုက်ဦးနော် …

#CELENOW