လီမင်ဟိုကတော့ F4 ဇာတ်ကားထဲကစပြီး ပရိသတ်တွေရဲ့ သဲသဲလှုပ် ၀န်းရံအားပေးခြင်းခံထားရတဲ့ နှုတ်ခမ်းနီမလေးေ တွရဲ့ အသည်းတခြမ်းပါ။ လီမင်ဟိုကတော့ ကိုရီးယားမှာတင်မဟုတ်ပဲ အာရှ၊ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေမှာပါ အားပေးတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူပါ။နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းတခြမ်းအဖြစ် အခိုင်အမာ ရပ်တည်နေတဲ့ လီမင်ဟိုကတော့ အခုဆိုရင် အသက် (၃၀)ရှိနေပါပြီ။

 

ကမ္ဘာတစ်ဝန်းမှာ ပရိသတ်အခိုင်အမာ ရထားတဲ့ လီမင်ဟိုကတော့ (၂၀၁၇)ခုနှစ် မေလ (၁၂)ရက်နေ့ကစပြီး စစ်မှုထမ်းတာဝန်တွေကို စတင်ထမ်းဆောင်နေပါတယ်။ သူ့ရဲ့ စစ်မှုထမ်းတာဝန်ကို ဆိုးလ်မှာရှိတဲ့ Gangnam ရုံးမှာသွားပြီး လူမှုဝန်ထမ်းအဖြစ်နဲ့ အရင်စတင်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ မတ် (၁၅)က စပြီး ကိုရီးယားနိုင်ငံ South Chungcheong ပြည်နယ် Nonsan မြို့က Korea Army Training Center မှာ (၄)ပတ်ကြာ အခြေခံလေ့ကျင့်ရေး Training တွေ ခံယူခဲ့ပါတယ်။

အခုဆိုရင်တော့ လီမင်ဟိုတစ်ယောက် Nonsan မြို့က Korea Army Training Center မှာ လေ့ကျင့်ရေး ခံယူမှုတွေ အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။အခြေခံစစ်ရေးလေ့ကျင့်မှုပြီးစီးတဲ့ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲ ပုံရိပ် တွေ ဧပြီ (၁၂)ရက်နေ့က ထွက်ပေါ်လာခဲ့ပါတယ်။

လီမင်ဟိုဟာ (၂၀၀၆) ခုနှစ်က ယာဉ်မတော်တဆမှုတစ်ခုမှာ ဒဏ်ရာ အကြီးအကျယ်ရခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက ပေါင်နဲ့ခြေကျင်းဝတ် အရိုးတွေကျိုးခဲ့ရပါတယ်။ (၂၀၁၁)မှာလည်း နောက်ထပ် တစ်ခါယာဉ်တိုက်မှု တစ်ခုနဲ့ ကြုံခဲ့ရပြန် ပါတယ်ဒါကြောင့်လည်း ဒဏ်ရာအကြီးအကျယ်ရခဲ့ဖူးပြီး ဒဏ်ဖြစ် နေတာကြောင့် တခြားသူတွေလို စစ်သားအဖြစ် တာဝန်မထမ်းဆောင်ပဲ လူမှုဝန်ထမ်း တစ်ယောက်အဖြစ်ပဲ တာဝန်ထမ်းဆောင်တာပါ။ အရင်က ယာဉ်မတော်တဆမှုတွေကြောင့် ဒဏ်ဖြစ်နေတဲ့ လီမင်ဟိုတစ်ယောက် (၄)ပတ်ကြာ လေ့ကျင့်မှုတွေ ခံယူနေချိန်မှာတော့ သူ့ရဲ့ ကျန်းမာရေးအတွက် ပရိသတ်တွေက အရမ်းကို စိတ်ပူခဲ့ကြပါသေးတယ်။ “The Legend of the Blue Sea” ကေ တာ့ စစ်မှုမထမ်းခင် လီမင်ဟို နောက်ဆုံး ရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲပါ။

Celenow