တောင်ကိုရီးယား မင်းသားချော လီမင်ဟိုက တော့ ကိုရီးယားဘာသာစကား promotional video မှာပါဝင် ပေးခဲ့ပါတယ်။ King Sejong Institute Foundation က နေ ဒီဗီဒီယိုဖိုင် ကို ဖန်တီး ပေးခဲ့တာပါ။လီမင်ဟိုက တော့ ကိုရီးယား ဘာသာ စကား ရဲ့ လှပ မှုတွေ ကို လီမင်ဟိုက ဖော်ပြ ခဲ့ပါတယ်။ဗီဒီယိုဖိုင်ကိုတော့ ဇန်န၀ါရီ ၁၅ ရက်နေ့က တင်ခဲ့တာပါ။ကိုရီးယား ဘာသာစကားနဲ့ ယဉ် ကျေးမှု တွေကို ကြော်ငြာ မြှင့် တင် ပေးထားတာပါ။ဒီအ ကြောင်းကိုတော့ All Kpop မှာ ဖော်ပြထားတာပါ။
View this post on Instagram
လီမင်ဟိုက တော့ King Sejong Institute Foundation ရဲ့ public relations ambassador တစ်ယောက်ပါ။ကိုရီးယား ရဲ့ အက္ခရာရဲ့ မူလ ရင်းမြစ်ကို စောင့်ရှောက် ကာကွယ် ထိန်းသိမ်းပေးတဲ့ အဖွဲ့ အစည်းပါ။လီမင်ဟိုက တော့ “ကိုရီးယား အကြောင်းကို ကမ္ဘာ တစ်ဝန်းက အာရုံစိုက်မှု ကို ရရှိတယ်၊နိုင်ငံတကာ Fan တွေ ဆီ ကေ န အချစ်တွေ အများကြီးကို ရခဲ့တယ်။ဒါကြောင့် ဒါက ကိုရီးယား အက္ခရာ တွေ ရဲ့ လှပ မှု ကို မြှင့် တင်ပေး ဖို့ အခွင့် အရေး ကောင်း တစ်ခု လို့ ထင်တယ်၊ ကိုရီးယား အက္ခရာ အ ကြောင်း ကို King Sejong Institute Foundation က တစ်ဆင့် လူတွေ အများကြီး ပို မို သိလာ စေ လိမ့်မယ်လို့ မျှော်လင့် ပါတယ်..” လို့ ပြောခဲ့ပါတယ်။
View this post on Instagram
လီမင်ဟိုက တော့ အနုပညာ သက် ၁၅ နှစ်ပြည့် ခဲ့ပါပြီ။သူက တော့ ‘Boys Over Flower,’ ‘Heirs, တို့ အပါအ၀င် ဒရမ်မာ ဇာတ်ကားတွေ၊ရုပ်ရှင်ကား တွေ အများကြီး မှာ ပါဝင် သရုပ် ဆောင် ခဲ့ဖူးပါတယ်။သူ့ရဲ့ အနုပညာ လှုပ်ရှားမှု တွေ က တစ်ဆင့် ကိုရီးယား တင် မက ပဲ ကမ္ဘာ တစ်ဝန်းမှာပါ ပရိသတ် အခိုင်အမာ ရရှိခဲ့ပါတယ်။လီမင်ဟိုက တော့ King Sejong Institute Foundation ရဲ့ambassador အဖြစ် ၂၀၁၉ တည်းက တာဝန်ယူ ဆောင်ရွက် ပေးလာခဲ့ပြီး ကိုရီးယား ယဉ်ကျေးမှု နဲ့ ဘာသာစကားကို မြှင့် တင် ပေးလျက် ရှိပါတယ်။
#CELENOW