ပရိသတ်တွေရဲ့ အချစ်တော် Lee Kwang Soo ကတော့ Running Man တင်မက သရုပ်ဆောင် အဖြစ်နဲ့ပါ အောင်မြင်တဲ့သူ ဖြစ်ပါတယ်။ ၅၆ ကြိမ်မြောက် Baeksang Arts Awards မှာလည်း အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်ဆုကို Inseparable Bros ရုပ်ရှင်နဲ့ ရခဲ့ပါသေးတယ်။
သူ့ရဲ့ သရုပ်ဆောင်မှုတွေနဲ့ ပတ်သတ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးပြီး သရုပ်ဆောင်လေ့ ရှိကြောင်းကို သူက ပြောပြခဲ့ပါတယ်။ Inseparable Bros ရုပ်ရှင် ရိုက်ကူးတုန်းကဆိုရင် ဒါရိုက်တာကြီးက သူ့ကို အများကြီး ညွှန်ပြပေးပြီး အားပေးခဲ့တယ်လို့ သူက ဆိုပါတယ်။
သူ့ရဲ့ သရုပ်ဆောင် အလုပ်လုပ်တာနဲ့ ပတ်သတ်ပြီး သူနဲ့ ပရောဂျက် ၃ ခုလောက် တူတူ အလုပ်လုပ်ခဲ့ဖူးတဲ့ စာရေးဆရာမ Noh Hee Kyung က အခုလို ပြောပြခဲ့ပါသေးတယ်။ Lee Kwang Soo က အရမ်းကို စိတ်အားထက်သန်မှု ရှိတဲ့သူ ဖြစ်ပါတယ်လို့ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် Lee Kwang Soo က သူက Running Man ကြောင့် စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိနေခဲ့ပြီး သူတွေးခဲ့တာက သူက အလုပ်သေချာ မကြိုးစားဘူးလို့ တွေးပြီး ပိုကောင်းအောင် လုပ်ဖို့ပဲ တွေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီလို ချီးကျူးခံရတာ ဖြစ်မယ်လို့ သူက ဖြေထားပါတယ်။
သူကတော့ Running Man မှာ ၁၀ နှစ်ကျော်ကြာအောင် လုပ်နေခဲ့ပြီး သူ့အတွက် လူတွေကို ရယ်အောင် လုပ်ပေးရတာကို သဘောကျတဲ့သူ ဖြစ်ပါတယ်။ သရုပ်ဆောင်အလုပ်နဲ့ Running Man အလုပ်ကြားမှာလည်း ဘက်ညီအောင် ထိန်းသိမ်း လုပ်နေရတဲ့သူလည်း ဖြစ်ပါတယ်။
သူက သူ့ကိုယ်သူ သရုပ်ဆောင် Lee Kwang Soo လို့ ပြောရမှာထက် Lee Kwang Soo လို့ပဲ သူ့ကို သိစေချင်တာပါလို့ အင်တာဗျူးမှာ ဖြေခဲ့ပါသေးတယ်။ Baeksang Arts Award မှာ ဆုရတုန်းကလည်း သူက လူတွေကို ရယ်မောရင်း ကျန်းမာစေတဲ့ သူ ဖြစ်အောင် ပိုပြီး ကြိုးစားသွားပါ့မယ်လို့ ပြောခဲ့ပါသေးတယ်။
ဒီလို စိတ်ထားနူးညံ့လွန်းလို့လည်း ပရိသတ်တွေက အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။ ဒီထက်ပိုပြီး အောင်မြင်ပါစေနော်။
Kham