Running Man ရဲ့ အဖွဲ့ဝင် လီကွမ်ဆိုနဲ့ ဆောင်ဂျွန်ကီတို့ ဟာ အရမ်းကို ရင်းနှီး ကြတဲ့ သူငယ်ချင်း တွေပါ။သူတို့ခင်မင်လာခဲ့တာ ဆိုရင်လည်း အချိန်အတော်ကြာခဲ့ပါပြီ။ဆောင်ဂျွန်ကီက ရုတ် တ ရက်ကြီး လက်ထပ်မယ်လို့ ကြေညာလိုက်တော့ ကွမ်ဆိုတစ်ယောက် ဒီအကြောင်းကို မယုံနို င်ဖြစ်နေတဲ့ ပုံပါ။ဒါပေမယ့် တစ်ချို့ကလည်း ဆောင်းဟေကိုနဲ့ဆောင်ဂျွန်ကီရဲ့ အကြောင်းကို ကွမ်ဆို တစ်ယောက် အစောကြီးတည်းက ရိပ်မိနေခဲ့တယ်လို့ ထင်ကြေးပေးခဲ့ပါတယ်။

Running Man ရဲ့ သစ်ကုလားအုတ်ကွမ်ဆို၊သစ္စာဖောက် ကွမ်ဆိုကတော့ ဆောင်ဂျွန်ကီ လက်ထပ်မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ထူးထူးဆန်းဆန်း တုံ့ပြန်ခဲ့ပါတယ်။ဆောင် ဂျွန်ကီကို မူးပြီး မက်ဆေ့ခ်ျတစ်စောင် ပို့ခဲ့ပါတယ်။The Battleship Island ရဲ့ ပရိုမိုးရှင်းလုပ်တဲ့ ပွဲမှာ ဆောင်ဂျွန်ကီကို အင်တာဗျူးတဲ့ အခါမှာတော့ လီကွမ်ဆူဆီကနေ မက်ဆေ့ခ်ျ တစ်စောင်ရခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒီမက်ဆေ့ခ်ျထဲမှာတော့ …

“မင်းလက်ထပ်တော့မှာကို ခုထိငါ မယုံနိုင်သေးဘူးကွာ.” ဆိုပြီး ရေးထားတာပါ။”သူ နည်းနည်း သောက် ထားတယ် ထင်တယ်။ငါမယုံနိုင်သေးဘူး..ဆိုတဲ့စကားကို သူတကယ်ပြော တာမဟုတ်ေ လာက် ဘူးထင်တယ်။တော်တော်များများကတော့ ကျွန်တော့်မင်္ဂလာကိစ္စကို ဂုဏ်ယူပါ တယ် ဆိုပြီး တုံ့ပြန်ကြတယ်လေ” လို့ ဆောင်ဂျွန်ကီက ပြောခဲ့ပါတယ်။

ဆောင်ဂျွန်ကီနဲ့လီကွမ်ဆိုတို့ဟာ Running Man မှာ ဆုံပြီး ရင်းနှီးသွားခဲ့ကြတာပါ။နှစ်ယောက် သားကလည်း အတွဲညီညီနဲ့ ပါဝင်ခဲ့ကြတာပါ။ဆောင်ဂျွန်ကီရဲ့ DOTS ဇာတ်ကားထဲမှာလည်း ကွမ်ဆိုက ပါဝင်ပေးခဲ့ဖူးပါတယ်။နှစ်ယောက်လုံးက Asia Prince လို့ သတ်မှတ်ခံ ခဲ့ရသူတွေပါ။

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow. com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်း ပါး များ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြ ခင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။