Lee Jong Suk ဟာဆိုရင်တော့ သူရဲ့ ပထမဆုံး ကဗျာစာအုပ်ကို ဖြန့်ချီတော့မှာ ဖြစ်ပါတယ်။ မော်ဒယ်ကနေ သရုပ်ဆောင်ဖြစ်လာတဲ့ Lee Jong Sukဟာ အခုဆိုရင်တော့ ကဗျာရေးတဲ့ဘက်ကိုပါ လေ့လာတော့မယ့်ပုံပါပဲ။ ဒီကဗျာစာအုပ်ကိုတော့ ကဗျာဆရာ NaNa Taejooနဲ့အတူတွဲဖက်ထုတ်လုပ်မှာ ဖြစ်ပြီး စာအုပ်ရဲ့ နာမည်ကတော့  ‘It’s All My Fault’ ဖြစ်ပါတယ်။ဒီဇင်ဘာလ ၂၀ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပြီး ကြိုတင်ဝယ်ယူချင်ရင်တော့ ဒီဇင်ဘာလ ၄ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၂နာရီမှာ စတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

Lee Jong Suk နဲ့ Na Taejooတို့ဟာ  ‘School 2013’ ဇာတ်လမ်းတွဲမှာ စတင်တွေဆုံခဲ့တာဖြစ်ပါတယ်။ “ဒီစာအုပ်ဟာ မင်းသားတစ်ယောက်ရဲ့ သာမန် ဓါတ်ပုံစာအုပ်တစ်အုပ် မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ရှိတဲ့သူတိုင်းကို နွေးထွေးမှုတွေပေးနိုင်တဲ့ စာအုပ်ပါ။  အချစ်ကို ပိုင်ဆိုင်ထားတဲ့သူတွေ၊ အချစ်ကို လိုချင်တဲ့သူတွေ၊ နှုတ်ဆက်ခွဲခွာခြင်းနဲ့ အထီးကျန်မှုတွေ ကြုံနေရတဲ့ သူတွေအတွက် ဖြစ်ပါတယ်”လို့ Lee Jong Suk ကပြောခဲ့ပါတယ်။

Source: Kstarlive

Celenow Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။