ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရခဲ့တဲ့ “While You Were Sleeping” ဇာတ်ကားရဲ့ နောက်ဆုံးအပိုင်းကိုတော့  နိုဝင်ဘာ (၁၆)ရက်နေ့က ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီကားမှာ အဓိကပါဝင်ထားတဲ့ မင်းသား Lee Jo ngsuk နဲ့ Suzy တို့က ဇာတ်ကားနဲ့ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေကို အခုလိုပဲ ဝေမျှပေးသွားခဲ့ပါတယ်။

Lee Jongsuk က “ဒီဇာတ်ကားကို ဆောင်းရာသီကနေ နွေရာသီအထိ ကျွန်တော် ရိုက်ကူးခဲ့ရပါတယ်။ ကျွန်တော်  I  Jaechan (ဇာတ်ကားထဲက Lee Jongsuk ရဲ့ဇာတ်ကောင်နာမည်) ဘ၀နဲ့ အချိန်အကြာကြီးနေခဲ့ရတယ်။ လူတွေ အများကြီးနဲ့လည်း တွေ့ခဲ့ရတယ်။ အရမ်းပျော်ရွှင်မိပါတယ်။ ကြိုးစားပေးခဲ့ကြတဲ့ ပရိုဂျူဆာ၊ စာရေးသူ၊ ရိုက်ကူးရေးဝန်ထမ်းတွေနဲ့ တခြားသရုပ်ဆောင်တွေကို ကျေးဇူးတင်ပါတယ်။ ဒီဇာတ်ကားမှာပါဝင်ခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ အားလုံးကို ချစ်ပါတယ်။ အထူးသဖြင့် စီနီယာ Kim Wonhae ကျေးဇူးတင်ပါတယ်..” လို့ ပြောခဲ့ပါတယ်။

Suzy  ကတော့ “သတင်းထောက်တစ်ယောက်အဖြစ် ပါဝင်ခွင့်ရတဲ့အတွက် အရမ်းပျော်မိပါတယ်။ အကောင်းဆုံးကို ပြချင်လို့ အကောင်းဆုံးကြိုးစားအလုပ်လုပ်ခဲ့တယ်။ ပြန်တွေးကြည့်လိုက်တော့ Hongjoo (ဆူဇီရဲ့ဇာတ်ကောင်) နဲ့ နေရတာကို ပျော်ခဲ့ပါတယ်။ ပျော်စရာကောင်းတဲ့ ရိုက်ကူးရေးလေးပါ။ ကျွန်မကိုယ်ကျွန်မ တိုးတက်နိုင်တဲ့ အခွင့်အရေးကို ရခဲ့တယ်။ ဒီဇာတ်ကောင်ဟာ ကျွန်မအတွက်တော့ စိန်ခေါ်မှုပါပဲ။ ကြည့်ပေးတဲ့ သူတွေ၊ Hongjoo ကို အများကြီး ချစ်ပေးတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..” လို့ ပြောခဲ့ပါတယ်။ မင်းသားလီမင်ဟိုနဲ့ (၂)နှစ်ကျော်လောက် လက်တွဲ လာတဲ့ Suzy ကတော့ အခုဆိုရင် လီမင်ဟိုနဲ့ လမ်းခွဲလိုက်ပြီလို့လည်း သိရပါတယ်။

from kstarlive

Cele Now Team မှ စီစဉ်တင်ဆက်သော www.celenow.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။