တောင်ကိုရီးယားမင်းသားချော Lee Jong Suk နဲ့ မင်းသမီး Shin Hye Sun တို့ပါဝင် တဲ့ ဒရမ်မာ ဇာတ်ကား ကို ပရိသတ်တွေ ကြည့်ရအုံးမှာပါ။ဒီကားဟာ ငါးနှစ်တာကလာအတွင်း သူတို့နှစ်ယောက်ကို ဒရမ်မာကားတစ်ခုထဲမှာ အတူ သရုပ်ဆောင်တဲ့ ပထမဆုံး ဇာတ်ကားဖြစ်လာမှာပါ။မတ်(၁၅)တုန်းက Shin Hye Sun ရဲ့ အေဂျင်စီ YNK Ent ertainment ကနေ Shin Hye Sun  က SBS ရဲ့ “Hymn of Death.” ဆိုတဲ့ ဇာတ်ကားမှာ အဓိက အမျိုးသမီး ဇာတ်ကောင်နေရာ ပါဝင်သွားမယ့် အကြောင်းကို အတည်ပြု ပေးခဲ့ပါတယ်။

သူမရဲ့ ဇာတ်ကောင်နာမည်ကတော့ Yun Sim Deok ဖြစ်ပြီး ကိုရီးယားမှာအောင်မြင်တဲ့ ပထမဆုံး အမြင့်ဆုံးအသံ (မိန်းမ၊ယောက်ျားအသံ ပြောင်းချိန် သီဆိုသံ)နဲ့ ဆိုနိုင်တဲ့ ပထမဆုံး အမျိုးသမီး ပါ။ဒီဒရမ်မာ ကား “Hymn of Death” ကတော့ အပိုင်းနှစ်ပိုင်းစီးရီးပါ။ Yun Sim Deok နဲ့ဥာဏ်ကြီးရှင်ပြဇာတ်ရေးဆရာ Kim Woo Jin ရဲ့  ၀မ်းနည်းစရာ ချစ်ဇာတ်လမ်းပါ။Lee Jong Suk  က Kim Woo Jin နေရာကနေ အခကြေးငွေမယူပဲ သရုပ်ဆောင် မယ်လို့ ကြေညာခဲ့ပါတယ်။

“School 2013” ဒရမ်မာတုန်းက ဇာတ်ပို့နေရာကနေ Lee Jong Suk နဲ့ တွဲပြီး သရုပ် ဆောင်ခဲ့ဖးပါတယ်။ အခုဇာတ်ကားကတော့ ငါးနှစ်အတွင်းမှာ ပထမဆုံး အကြိမ် အဖြစ် အတူ တွဲ သရုပ်ဆောင် တာပါ။ “Hymn of Death” ရဲ့ ရိုက်ကူးရေးကိုတော့ ဧပြီလလယ်ပိုင်းမှာ ရိုက်ကူးမယ်လို့ soompi မှာ ဖော်ပြထားပါတယ်။

Source : Soompi