Lee Ji Ah က တော့ The Penthouse: War in Life ဆိုတဲ့ ဇာတ်ကား နဲ့ ပရိသတ် ချစ်ခင်မှုကို တခဲနက် ရထားတဲ့ မင်းသမီး ပါ။သူမက တော့ ဒီဇာတ်ကားထဲမှာ ဟယ်ရာ နန်းတော်ရဲ့ ဘုရင်မ ဆိုပြီး တင်စားခံရတဲ့ ဇာတ်ကောင် နေရာ ကေ န သရုပ် ဆောင်ထားပါတယ်။ပိုက်ဆံ ချမ်းသာ၊အနေအထိုင်ယဉ်ကျေးသိမ်မွေ့၊ပညာတတ် မိန်းမ တစ်ယောက် နေရာ ကေ နသရုပ်ဆောင်ထားတာပါ။ဒီဇာတ်ကားမှာတော့ သူမရဲ့ ဇာတ်ကောင် နာမည်က ရှင်းဆူယွန်း ပါ။ရိုဂန်လီနဲ့ ဆုံတဲ့ အခန်းတွေ ဆိုရင် အင်္ဂလိပ် လို စကားပြော တာတွေ ပါပါတယ်။အဲ့ဒီမှာ သူမ ပြောတဲ့ စကား ကို နားထောင် ကြည့်မယ်ဆိုရင် Lee Ji Ah က တော်တော်လေး Speaking ကောင်းတာကိုေ တွ့ရမှာပါ။အခုဆိုရင် တော့ သူမရဲ့ အင်္ဂလိပ် စကားပြော ဗီဒီယို ဟောင်းတွေ အွန်လိုင်းပေါ်မှာ တကျော့ပြန် လူကြည့်များေ ရပန်းစားနေပါတယ်။
ရိုဂန်လီ နေရာက နေ သရုပ် ဆောင် တဲ့ Park Eun Seok ကလည်း အင်္ဂလိပ် စကားပြော တော်တော် ကောင်းပါတယ်။ Park Eun Seok က တော့ အသက် ၇ နှစ်သားတည်းက အမေရိကန် ကို ပြောင်းရွှေ့ခဲ့ပြီး နယူးယော့ခ် မှာ ၁၅ နှစ် ကျော် လောက် နေလာခဲ့ သူပါ။ကိုရီးယားကို ပြန်လာ တော့ ကိုရီးယားစကား ကို ကောင်းကောင်း ပြော နိုင် အောင် တပ်ထဲမှာ စေတနာ့ စစ်မှုထမ်း တာဝန်ထမ်းဆောင် ပြီး ပြန် သင်ယူ ခဲ့ ရတဲ့ သူပါ။အဲ့လို လူမျိုးနဲ့ Lee Ji Ah ကယှဉ်ပြောတာတောင် မှ သူမရဲ့ စကားပြော က လုံးဝ မညံ့ပဲ အရမ်း ကောင်းနေတာကို ဇာတ်ကား ကြည့် ဖူးတဲ့ ပရိသတ်တွေ ကောင်းကောင်းသိကြမှာပါ။
View this post on Instagram
View this post on Instagram
တကယ်တော့ သူမကလည်း Park Eun Seok လို ပဲ အ မေရိကန် မှာ အကြာကြီး နေခဲ့ဖူးပါတယ်။သူမ Grade 6 ရောက်တဲ့ အခါ မှာတော့ မိသားစု လိုက် အ မေရိကန် ကို ပြောင်း ခဲ့ကြတာပါ။အမေရိကန် မှာ ၁၀ နှစ် လောက် နေလာခဲ့ပြီး ကယ်လီဖိုးနီးယားမှာ ရှိတဲ့ Pasadena Art Center College of Design မှာ တက်ရောက်ခဲ့တာပါ။ဒါ ကြောင့်လည်း နှစ်ယောက် သားက Penthouse ဇာတ်ကားထဲမှာ အင်္ဂလိပ် လို ပြော ရမယ့် အခန်း တွေ ကို ပေါ့ပေါ့ပါးပါးပဲ ကောင်း ကောင်း သရုပ် ဆောင် နိုင်ခဲ့တာပါ။ဒါကြောင့်လည်း ဇာတ်ကားထဲ မှာရှင်းယူယွန်းက ဂျူဒန်း ထယ် သေပြီ ထင်တဲ့ သမီးကို ခေါ် လာပြီး ဂျူဒန်း ထယ်ရဲ့ မြေအရောင်း အ၀ယ်ကိစ္စ ကို လာ ဖျက် တဲ့ အခန်းရဲ့ Behind The Scene မှာ မင်းသား Um Ki-joon က ဒီနေရာမှာ အင်္ဂလိပ်လို သေချာ နားမလည် တာ သူပဲ ရှိတယ်ဆိုပြီး စနောက် ခဲ့တာပါ။
#CELENOW