နာမည်ကြီး သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ Lee Ilhwa ရဲ့ သတင်းတွေက မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါတယ်။ သူမက ကျောင်းသားတွေကို ထောက်ပံ့ပေးနေတယ်ဆိုပြီး သတင်းတွေ ပြန့်လာတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၂၉ ရက်နေ့မှာတော့ ဝါရင့်သရုပ်ဆောင် တစ်ဦး ဖြစ်တဲ့ Lee Ilhwa က ဆင်းရဲတဲ့ မိသားစုက ကျောင်းသားတွေကို လှူဒါန်းထောက်ပံ့မှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။ သူမကတော့ တက္ကသိုလ် ဆက်တက်ဖို့ ရုန်းကန်နေရတဲ့ ဆင်းရဲတဲ့ မိသားစုတွေက ကျောင်းသားတွေကို ပညာသင်ဆု ပေးနေတာ ဖြစ်ပါတယ်။
View this post on Instagram
View this post on Instagram
ဒီလို သတင်းတွေ ပြန့်သွားခဲ့ပြီးတဲ့နောက်မှာတော့ သူမရဲ့ သတင်းက သတင်းခေါင်းစီးပိုင်းတွေမှာ ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ သူမက ဒီလိုမျိုး ထောက်ပံ့မှုတွေကို လုပ်နေတာ ၄ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ တိတ်တဆိတ်ပဲ တစ်ကိုယ်ရည် လှူဒါန်းထောက်ပံ့တဲ့ ပုံစံမျိုး လုပ်နေခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ပရိသတ်တွေက လုံးဝ အံ့သြခဲ့ရပြီး သူမရဲ့ လုပ်ရပ်အတွက် ချီးကျူးမှုတွေ ရှိနေခဲ့ပါတယ်။
View this post on Instagram
သူမရဲ့ အခုလို လုပ်ရပ်ကြောင့်လည်း တက္ကသိုလ် တက်ရောက်ခွင့်ရခဲ့တဲ့ ကျောင်းသားတွေကလည်း အများအပြား ရှိနေပြီး သူမကို ကျေးဇူးတင်တယ်လို့ ပရိသတ်တွေ တုန့်ပြန်ထားကြပါတယ်။
View this post on Instagram
သူမကတော့ ၁၉၇၁ ခုနှစ်ဖွား ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ကတော့ ၁၉၉၁ ခုနှစ်မှာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ မြောက်များစွာမှာ ပါဝင်ထားခဲ့ပြီး နာမည်ကျော် Reply ရုပ်ရှင်တွေမှာလည်း ပါဝင်ထားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ သူမက ၄၉ နှစ် ရှိနေပါပြီ။
Kham