Lee Dongwook ကတော့ အသက်(၃၆)နှစ်ရှိနေပြီဖြစ်တဲ့ နာမည်ကြီးတောင်ကိုရီးယားမင်းသားတစ်ယောက်ပါ။ မင်းသား မော်ဒယ်တစ်ယောက်ဖြစ်ပြီး My Girl, Scent of a Woman, Hotel King, and Guardian: The Lonely ၊ Great God ဒရမ်မာကားတွေနဲ့ နာမည်ကြီးခဲ့သူပါ။Suzy ဆိုတဲ့ နာမည်ကြီးမင်းသမီးချောလေးရဲ့ ချစ်သူပါ။ ဒိတ်လုပ်တဲ့သတင်းကိုတော့ မတ်(၉)ရက်နေ့က အတည်ပြုခဲ့တာပါ။

Lee Dongwook ကတော့ ဖက်ရှင်မဂ္ဂဇင်းတစ်ခု အတွက် ဓါတ်ပုံရိုက်ကူးပေးခဲ့ပါတယ်။Suzy နဲ့ တွဲနေပြီဆိုတဲ့ သ တင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဒါဟာပထမဆုံးအကြိမ် မဂ္ဂဇင်းဓါတ်ပုံရိုက်ကူးတာပါ။’ARENA Homme’ ဖက်ရှင် မဂ္ဂဇင်း အတွက် ရိုက်ကူးပေးခဲ့တာပါ။Lee Dongwook  ဟာ INI John Cooper Works (MINI JCW)  အတွ က်လည်း မော်ဒယ်လုပ်ဖူးပါတယ်။Lee Dongwook ကတော့ ‘Life,’  ဆိုတဲ့ ဒရမ်မာကားမှာ ခေါင်းဆောင် မင်းသား နေရာကနေ ပါဝင်သွားဖို့ရှိပြီး ဇူလိုင်လထဲမှာ ပြသမယ်လို့ မျှော်လင့်ရပါတယ်။

Source kstarlive